ထိထိမိမိ ချဥ်စပ်ကြက်ကြော်သုပ်

ထိထိမိမိ ချဥ်စပ်ကြက်ကြော်သုပ်

30 မိနစ်

2 ဦးစာ

လွယ်သော

How To Cook ပရိသတ်ကြီးအတွက် ဟင်းအတွဲအစပ်အပြောင်းအလဲလေးဖြစ်စေဖို့ ချဥ်စပ်ကြက်ကြော်သုပ် သုပ်နည်းလေး ပြောပြပေးချင်ပါတယ်။ ကြက်သားကြော်မွမွကြွပ်ကြွပ်လေးကိုမှ ထိထိမိမိချဥ်ချဥ်စပ်စပ်နဲ့ စားမြိန်ဖွယ်ဖြစ်အောင် ခနောကြက်သားမှုန့်လေး သုံးပြီး ဘယ်လို သုပ်မလဲဆိုတာ ကြည့်လိုက်ဦးနော်။

ပါဝင်ပစ္စည်းများ

  • ကြက်သားရင်ပုံသား ၁၀ ကျပ်သား (၁၆၀ ဂရမ်) ၊ရေဆေးပြီး အတုံးသေးသေးတုံးထားပါ
  • ဆား လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး ၊ အကာယူရန်
  • ဆီ ၅၀၀ မီလီလီတာ
  • ကြက်သွန်နီ ၁ လုံး ၊ ပါးပါးလှီးထားပါ
  • ခရမ်းချဥ်သီး ၁ လုံးနဲ့ တဝက် ၊ ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်း ၃ တောင့် ၊ ပါးပါးလှီးထားပါ
  • ငရုတ်သီးအနီ ၃ တောင့် ၊ ပါးပါးလှီးထားပါ
  • သံပုရာသီး တစ်ခြမ်း
  • Chili Sauce ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် ၂ ပင် ၊ ခပ်ကြီးကြီးလှီးထားပါ
  • ငံပြာရည် လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်သားကို အတုံးခပ်သေးသေးတုံးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှုန့်တို့နဲ့ နယ်ပါ။

  2. ပြီးရင် ကော်မှုန့်၊ ကြက်ဥအကာတို့နဲ့ ထပ်နယ်ပြီး ခဏနှပ်ထားပါ။

  3. ဆီကို အပူပေးပြီး ဆီပူလာတဲ့အခါ ကြက်သားတုံးလေးတွေကို မီးအေးအေးနဲ့ ကြော်ပါ။

  4. ကြက်သားကြော်ရလာပြီဆိုရင် ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်သားကြော်ထားတဲ့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်နီ၊ ခရမ်းချဥ်သီး၊ Chili Sauce၊ ငံပြာရည်၊ ငရုတ်သီးအနီနဲ့ အစိမ်း၊ ငရုတ်သီးမှုန့်ထည့်ပြီး သံပုရာသီး တစ်ခြမ်းညှစ်ကာ နှံ့အောင် နယ်ပါ။

  5. အားလုံးနယ်ပြီးရင်တော့ နံနံပင်ကို အပေါ်ကအုပ်ကာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent