ထမင်းရော ပေါင်မုန့်နဲ့ပါ စားရလွယ်တဲ့ ကြက်ဥခရမ်းချဥ်သီးမွှေချက်

ထမင်းရော ပေါင်မုန့်နဲ့ပါ စားရလွယ်တဲ့ ကြက်ဥခရမ်းချဥ်သီးမွှေချက်

15 မိနစ်

2 ဦးစာ

လွယ်သော

ဒီနေ့ အိပ်ရာထနောက်ကျတော့ မိသားစုအတွက် မနက်စာပြင်ပေးဖို့ အချိန်နည်းနည်းပဲရတော့တာ တွေးပူပြီး ဘာချက်ပေးရမလဲပျာယာခတ်ရပါတော့တယ်။နောက်မှ ဖြတ်ခနဲဆို အသိတစ်ချက်ဝင်သွားတာက ညီမငယ်ငယ်တုန်းကမေမေအမြဲတမ်းလွယ်လွယ်လေးချက်ကျွေးတတ်တဲ့ကြက်ဥခရမ်းချဉ်သီးမွှေချက်ကလေးသာချက်ပေးလိုက်ရင်မနက်စာရော၊နေ့လည်စာရောငြိမ်းပြီပဲလေ။ အချိန်လည်းလုံးဝပေးစရာမလိုတဲ့အပြင်ချက်ရတာလည်းလွယ်ကူတော့ဘာပြောကောင်းမလဲ၊ကိုယ့်လိုအိမ်ရှင်မတွေမသိသေးတာသိရအောင် ဘယ်လိုမျိုး အချိန်တိုတိုလေးနဲ့ အရသာရှိတဲ့ကြက်ဥခရမ်းချဉ်သီးမွှေချက်လေးချက်ပြမလဲ လိုက်သာ တူတူခံစားကြည့်တော့။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ခရမ်းချဥ်သီး ၂၅ ကျပ်သား (၆လုံးခန့်) (အတုံးလေးတွေ ဖြစ်အောင် လှီးထားပါ)
  • ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ အမွှာကြီး ၁ မွှာ
  • ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
  • ခနောတုန်ယမ်းခဲ တစ်ခဲ ရဲ့ သုံးပုံတစ်ပုံ
  • ဆီ ထမင်းစားဇွန်း ၆ ဇွန်း
  • နံနံပင် ၅ ပင်
  • နနွင်း လဘက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထမင်းစားဇွန်း ၁ ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း တစ်ဝက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဆီကို ဒယ်အိုးပေါ် မီးအလယ်အလတ်ထားပြီး အပူပေးပါ။ ပူလာတာနဲ့ဆီထဲကိုကြက်သွန်ဖြူရောအနီရောထောင်းထားတာထည့်ဆီသတ်ပါ။နနွင်းလေးနည်းနည်းပါဖြူးပြီးကြက်သွန်ဖြူနီနည်းနည်းနွမ်းလာတဲ့ထိမွှေပါ။

  2. နွမ်းလာပြီဆိုတာနဲ့ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီးဆီမကပ်အောင်မွှေရပါမယ်။ပြီးတာနဲ့ငံပြာရည်လေးထည့်ပြီးဆီသတ်ပါမယ်။

  3. ၅စက္ကန့်လောက်ကြာရင်ခရမ်းချဉ်သီးစိတ်ထားတာတွေအကုန်ခုနကအိုးထဲထည့်ပါမယ်။ထည့်ပြီးခရမ်းချဉ်သီးနွမ်းပြီးကြေတဲ့ထိ၁၀မိနစ်အုပ်ထားပြီးချက်ပါ။၁၀မိနစ်ပြည့်တာနဲ့ခရမ်းချဉ်သီးတွေအတော်အတန်နူးနေရင်လုံးဝကြေသွားအောင်ထပ်ချေပါမယ်။

  4. ခရမ်းချဉ်အနှစ်လိုဖြစ်တဲ့အခါမှဆီလည်းခရမ်းချဉ်အရည်တွေနဲ့ဆီကျန်ရေကျန်လေးဖြစ်လာရင်ခနောကြက်သားမှုန့် နဲ့ ခနောတုန်ယမ်းခဲမှုန့်ထည့်ပြီးထပ်မွှေပါမယ်။

  5. နောက်ဆုံးမှခရမ်းချဉ်အနှစ်တွေထဲ ကြက်ဥ ၆လုံးကို တစ်လုံးစီ ဖောက်ထည့်ပြီးမွှေပါ။ကြက်ဥနဲ့ခရမ်းချဉ်သီးအနှစ်တွေအကုန်ရောသွားပြီးခပ်ပျစ်ပျစ်လေးဖြစ်လာတဲ့အချိန်၊ဆီလည်းမခမ်းတခမ်းအနေအထားမှအိုးပေါ်ကချပြီးနံနံပင်လေးအုပ်ရုံပါပဲ။

  6. အဲ့ဒီအချိန်ခရမ်းချဉ်သီးကြက်ဥမွှေချက်အနံ့ကမွှေးလွန်းလို့အိမ်ကလူတွေအပြိုင်အဆိုင်ထမင်းစားစားပွဲပေါ်ရောက်ချလာကြမှာပါ။ ဒီလိုနည်းနဲ့အရသာတော်တော်လေးရှိပြီးချက်ရလွယ်လွန်းတဲ့ကြက်ဥခရမ်းချဉ်သီးမွှေချက်ကိုပေါင်မုန့်ကြားထဲညှပ်ပြီးမနက်စာအဖြစ်ပဲစားစား၊ထမင်းလေးနဲ့နေ့လည်စာအဖြစ်ပဲစားစား၂မျိုးစလုံးအဆင်ပြေတာမို့အိမ်ရှင်မတို့လည်းလိုက်ချက်ကြည့်ကြဖို့ တိုက်တွန်းပါရစေရှင့်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent