
ထမင်းမြိန်စေမယ့် အရံဟင်း ပဲပုတ်စေ့ကန်စွန်းရွက်ကြော်
20 မိနစ်
3 ဦးစာ
လွယ်သော
ထမင်းဝိုင်းလေးကို အရသာစိုပြေစေဖို့အတွက် အရသာရှိပြီး ထမင်းမြိန်စေမယ့် အရံဟင်းတစ်ခွက်ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ပဲပုတ်စေ့ကန်စွန်းရွက်ကြော်လေးဖြစ်ပြီး ကန်စွန်းရွက်ကို ထူးခြားတဲ့ အတွဲအစပ်လေးမို့ ပိုပြီးခံတွင်းမြိန်စေမှာပါ။
ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် ၂ စည်း
- ပဲပုတ်စေ့ ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၃ မွှာ
- ချင်း လက် ၁ ဆစ်
- အသီးအရွက်ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ပဲငံပြာရည်အချို လက်ဖက်စားဇွန်း ၂ ဇွန်း
- ငရုတ်သီးစိမ်း ၅ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကန်စွန်းရွက်လေးတွေကို သင်ထားပြီး အရိုးလေးတွေကိုတော့ ထပ်ခြမ်းခြမ်းထားပေးပါ။
-
ကြက်သွန်ဖြူလေးတွေနဲ့ ချင်းလေးတွေကိုတော့ ဓါးပြားရိုက်ထားပါ။
-
ငရုတ်သီးစိမ်းလေးတွေကိုတော့ ခွဲခြမ်းပေးထားပါနော်။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင်တော့ ကြက်သွန်ဖြူနဲ့ ချင်းလေးတွေကို အရင်ထည့်ကြော်ပါ။
-
ပြီးရင်တော့ ကန်စွန်းရွက်လေးတွေနဲ့ ငရုတ်သီးစိမ်းလေးတွေကို ထည့်ကြော်ပေးပါ။
-
ပဲပုတ်စေ့လေးတွေထည့်ပါ၊ အရသာအတွက် ခနောကြက်သားမှုန့်၊ ဆား၊ ပဲငံပြာရည်အချိုတို့ထည့်ပြီး အရသာစပ်ပါ။
-
ကန်စွန်းရွက်နဲ့ အရိုးလေးတွေ နူးလာဖို့အတွက် လိုအပ်ရင် ရေအနည်းငယ်တောက်ပေးပါ။
-
မိနစ်အနည်းငယ်ကြာရင်တော့ အရသာရှိပြီး ထမင်းမြိန်စရာ ပဲပုတ်စေ့ကန်စွန်းရွက်ကြော်လေး ရပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent