
ထမင်းမြိန်စရာ ကြက်အာပူလျှာပူဟင်းတစ်ခွက်
10 မိနစ်
3 ဦးစာ
အလယ်အလတ်
ခန္ဓာကိုယ်က အပူအအေးမမျှတဘဲ ခေါင်းတွေကိုက်၊ ရင်ထဲမှာ အီလည်လည်နဲ့အဆင်မပြေတဲ့အချိန်တွေမှာ အာပူရွက်လေး၊ ငရုတ်သီးနံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းလှတဲ့ ကြက်အာပူလျှာပူဟင်းက တကယ့်ကိုဆေးတစ်ခွက်ပါပဲ။ အာပူရွက်စိုမရရင်လည်း အာပူရွက်ခြောက်ကိုသုံးပြီးချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်(ပေါင်သား) ၂၀ ကျပ်သား (ရေဆေးသန့်စင်ပြီး အနေတော်တုံးက ခနောကြက်သားမှုန့်၊ နနွင်းတို့နဲ့နယ်ထားပါ)
- ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
- ချင်း ထမင်းစားဇွန်း ၁ ဇွန်း (ထောင်းပြီး)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း (အသားနယ်ရန်နဲ့ ဟင်းထဲထည့်ရန်တစ်ဝက်စီသုံးပါ)
- အာပူရွက် ခွက်တစ်ဝက်
- သံပုရာသီး ၁ လုံး
- ငရုတ်သီးစိမ်း ၅ တောင့် (မညက်တညက်ထောင်းထားပါ)
- ရေ ၅၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကိုကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း တို့ထည့်ပြီး မွှေပေးပါ။
-
ကြက်သားမှအရည်ထွက်လာပြီး အနံ့မွှေးလာတဲ့အခါ ရေ ၅၀၀ မီလီလီတာ ထည့်ပြီး အဖုံးအုပ်ပေးပါ။
-
၈ မိနစ်ခန့်အကြာ ကြက်သားနူးလာပြီး အရည်နည်းနည်းခမ်းလာချိန်မှာ ရေထပ်ထည့်ပြီးအဖုံးအုပ်ထားပါ။
-
ဟင်းရည်ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခနောကြက်သားမှုန့်၊ အာပူရွက်၊ ငရုတ်သီးတို့ထည့်ကာ ၃ မိနစ်ခန့်ထားပါ။
-
ပြီးရင် ပန်းကန်လုံးထဲခူးထည့်ပြီး သံပရာသီးညှစ်ကာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent