
တောရွှာလေးထဲရောက်သလို ခံစားရစေမယ့် ကြက်သားသီးရွက်စုံ တောချက်ဟင်း
45 မိနစ်
2 ဦးစာ
အလယ်အလတ်
ဒီတစ်ခေါက်မှာတော့ အေးချမ်းတဲ့တောရွှာလေးထဲ ထမင်းစားနေရသလိုခံစားရစေမယ့် ကြက်သားသီးရွက်စုံ တောချက်ဟင်းနည်းလေးကို ပြောပြပေးသွားမှာပါ။ ကြက်သားကို အသီးအရွက်လေးရဲ့ ခပ်စပ်စပ်လေးချက်ထားတာမို့ အရံဟင်းတွေမလိုတော့အောင် တစ်မျိုးထဲနဲ့ ပြီးပြည့်စုံစေမှာပါ။
ပါဝင်ပစ္စည်းများ
- ကြက်သား ၃၀ ကျပ်သား (မညီမညာအတုံးလေးတုံးထားပါ)
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၆ ဇွန်းခွဲ
- မျှစ် ၅ ကျပ်သား
- ပဲသီး ၁ စည်း
- ချဉ်ပေါင်ရွက် ၁ စည်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၃ မွှာ
- ချင်း လက် ၁ ဆစ်
- ငရုတ်သီးစိမ်း ၅ တောင့်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- စပါးလင် ၁ ချောင်း
- ငပိစိမ်းစား လက်ဖက်စားဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကြက်သားများကို သန့်စင်ပြီး မညီမညာတုံးကာ ခနောကြက်သားမှုန့် (လက်ဖက်စားဇွန်း ၄ ဇွန်းခွဲ)နဲ့ နယ်ပြီး နှပ်ထားပေးပါနော်။
-
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို ထောင်းထားပြီး စပါးလင်ကို ထုချေထားကာ ငရုတ်သီးစိမ်းကို အနေတော်လှီးထားပေးပါ။
-
ဒယ်အိုးထဲမှာ ဆီသတ်ဖို့ ဆီပူလာပြီဆိုရင်တော့ ထောင်းထားတဲ့ ကြက်သွန်နှစ်၊ နနွင်းမှုန့်၊ စပါးလင်၊ ငရုတ်သီးစိမ်းတို့ထည့်ပြီး မွှေကာ ဆီသတ်ပေးနိုင်ပါတယ်။
-
ဆီသတ်နံ့လေးမွှေးလာရင်တော့ ငပိထည့်ပြီး မွှေကာချေပေးပါ၊ ပြီးရင်တော့ ကြက်သားတုံးတွေထည့်လိုက်ပါ။
-
ကြက်သားလေးတွေ နူးလာဖို့အတွက် ရေထည့်ချက်ပါ။ ကြက်သားတွေ နူးခါစပြုလာရင်တော့ မျှစ်၊ ပဲသီးတို့ထည့်ပြီး အသာအယာမွှေကာ ချက်ပေးပါနော်။
-
မျှစ်နဲ့ ပဲသီးလေးတွေ နူးလာရင်တော့ ချဉ်ပေါင်နဲ့ ကျန်ပါဝင်ပစ္စည်းတွေထည့်ပြီး ရေထပ်ထည့်ပါနော်။
-
အရသာအပေါ့အငန်အတွက် လိုအပ်ရင် ခနောကြက်သားမှုန့်ထပ်ထည့်နိုင်ပြီး မိနစ်အနည်းငယ်ကြာရင်တော့ တောဓလေ့ကို အောင့်မေ့စရာ ကြက်သားသီးရွက်စုံတောချက်လေး ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent