
တစ်အိမ်သားလုံးအကြိုက် ပုစွန်ဟင်း
15 မိနစ်
4 ဦးစာ
လွယ်သော
အိမ်မှာ မိသားစုကို ဟင်းကောင်းကောင်းချက်ကျွေးမယ်လို့ စဥ်းစားမိတဲ့အခါ ခေါင်းထဲ ရောက်လာတာတော့ ပုစွန်ဟင်းပါပဲ။ ပုစွန်အရသာ ချိုချိုလေးမှာ ဟင်းအနှစ်မွှေးမွှေးလေးနဲ့ ထမင်းမြိန်စေမယ့်အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ဗီတာမင် B6၊ ဗီတာမင် စီနဲ့ တခြားဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ဖြစ်တဲ့ ပရိုတိန်းနဲ့ ဗီတာမင်အီးတွေလည်း ပါဝင်တဲ့အတွက် မိသားစုအတွက် အတိုင်းထက်အလွန်ဖြစ်စေမယ့် ဟင်းကောင်းတစ်ခွက်ချက်နည်းကို ပြောပြပေးလိုက်ပါတယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ပုစွန် ၈၀၀ ဂရမ်
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၂ မြွှာ
- ကြက်သွန်နီအလုံးသေး ၂ လုံး
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးအနီတောင့် ၃ ဂရမ် (လှီးထားပါ)
- ချင်း ၂ စင်တီမီတာ (အခွံခွာပြီး)
- ဆီ ၁၂၀ ဂရမ်
- ခရမ်းချဥ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
- ရေ ၁၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီဥသေးနဲ့ ငရုတ်သီးစတာတွေကို မညက်တညက်ထောင်းထားပါ။
-
အိုးထဲမှာ ဆီ ထည့်၊နနွင်းမှုန့်ထည့်ပြီး မွှေးလာတဲ့အထိ မွှေပါ။ ထောင်းထားတဲ့အနှစ်တွေ ထည့်ပြီး ဆီသတ်ပါ။
-
လှီးထားတဲ့ ခရမ်းချဥ်သီးထည့်၊ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြားထည့်ပြီး နှံ့အောင် မွှေပါ။
-
ပုစွန်ထည့်၊ ရေထည့်ပြီး အနည်းငယ်မွှေပါ။ မီးမပြင်းတပြင်းမှာ ၅ မိနစ်လောက်တည်ထားပါ။
-
ပန်းကန်ထဲထည့်၊ နံနံပင်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
-
ပုစွန်ဟင်းမွှေးမွှေးလေးကို ထမင်း ဒါမှမဟုတ် ကစီဓာတ်ပါဝင်တဲ့ အစားအစာများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent