တစ်လုပ်စားလိုက်တာနဲ့ ရှူးရှဲပွင့်ထွက်သွားစေမယ့် အသီးအရွက်စုံသုပ်

တစ်လုပ်စားလိုက်တာနဲ့ ရှူးရှဲပွင့်ထွက်သွားစေမယ့် အသီးအရွက်စုံသုပ်

20 မိနစ်

3 ဦးစာ

လွယ်သော

မတူညီတဲ့အသီးအရွက်တွေကို ထူးခြားတဲ့အရသာလေးနဲ့ ဆန်းဆန်းပြားပြားသုပ်စားချင်သူတွေအတွက် ခံတွင်းမြိန်စေမယ့် အသီးအရွက်စုံသုပ်နည်းလေးကို ပြောပြချင်ပါတယ်။ အသီးအရွက်တွေလည်းစုံတာမို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး စပ်စပ်လေးမို့ လျှာလည်သွားစေမှာနော်...

ပါဝင်ပစ္စည်းများ

  • သရက်သီး ၁ လုံး
  • မုန်လာဥနီ ၁ လုံး
  • ဂေါ်ဖီ ၁ စိတ်
  • မြင်းခွာရွက် ၁ စည်း
  • ဆလတ်ထုပ် ၁ စိတ်
  • ခရမ်းချဉ်သီး ၂ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၁ မွှာ
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
  • ခနော်ကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း ၁ ဝက်
  • သံပုရာရည် လက်ဖက်စားဇွန်း ၃ ဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့်
  • သံပုရာခွံ လက်ဖက်စားဇွန်း ၁ ဇွန်း
  • နံနံပင် ၅ ပင်
  • ငရုတ်သီးခွဲခြမ်း လက်ဖက်စားဇွန်း ၂ ဇွန်း
  • သံလွင်ဆီ ထမင်းစားဇွန်း ၂ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး အသီးအရွက်တွေကို နှစ်သက်သလို ရေဆေးလှီးဖြတ်ပြီး ပြုတ်သင့်တာကို ပြုတ်ထားပါ။

  2. အရသာအနှစ်ပြုလုပ်ဖို့အတွက် ခွက်တစ်လုံးထဲမှာ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ သံပုရာခွံ၊ နံနံပင်၊ ခနောကြက်သားမှုန့်၊ သံလွင်ဆီ၊ ငရုတ်သီးခွဲခြမ်း၊ ထောင်းထားတဲ့ ကြက်သွန်ဖြူတို့ထည့်ပြီး အကုန်ရောသမမွှေကာ ရေခဲသေတ္တာထဲထည့်ထားပါ။

  3. အသုပ်သုပ်ဖို့အတွက် ဇလုံကြီးကြီးထဲမှာ အသီးအရွက်တွေကိုထည့်ပါ။ ပြီးရင် ပုဇွန်ခြောက်မှုန့်လေးဖြူး၊ အသင့်လုပ်ထားတဲ့ အရသာအနှစ်လေးထည့်ပြီး နှံ့အောင်ခပ်ဖွဖွလေးနယ်ပေးပါ။

  4. အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့်လေးထပ်ထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent