
တစ်လုပ်စားလိုက်တာနဲ့ ထိမိသွားစေမယ့် မှိုအစုံကြော်နည်း
30 မိနစ်
3 ဦးစာ
လွယ်သော
ဒီတစ်ခေါက်တော့ အသီးအရွက်ချစ်သူများ အကြိုက်တွေ့သွားစေမယ့် မှိုအစုံကြော်နည်းလေး ပြပေးလိုက်ပါတယ်နော်။ အရံဟင်းကောင်းလေးတစ်ခုလဲ ဖြစ်လို့ အိမ်ရှင်မများ ချက်ကို ချက်ကြည့်သင့်တဲ့ ဟင်းလေးဖြစ်ပါတယ်။ ကဲ..မှိုအစုံကြော်နည်းလေးကို ကြည့်လိုက်ကြရအောင်
ပါဝင်ပစ္စည်းများ
- မှိုအစုံ ၃၀ ကျပ်သား
- ပတဲကော လက် ၂ ဆစ်
- ကြက်သွန်ဖြူ ၂ မွှာ
- ငရုတ်သီးစိမ်း ၂ တောင့်
- ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ပင်စိမ်း ၂ ပင်
- ပဲဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
- ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဝက်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး မှိုလေးတွေကို အနေတော်လှီးထားပြီး ပဒဲကောလေးတွေကိုတော့ ပါးပါးလှီးထားပေးပါ။
-
ကြက်သွန်ဖြူလေးတွေကို ဓါးပြားရိုက်ထားပြီး ငရုတ်သီးစိမ်းလေးတွေကိုတော့ ပါးပါးလှီးထားပါ။
-
ပင်စိမ်းရွက်လေးတွေကိုတော့ ရေဆေးပြီး အရွက်သင်ထားပေးပါနော်။
-
ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆိုရင်တော့ ပတဲကော၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထည့်ပြီး ၂ မိနစ်လောက် ကြော်ပါ။
-
ကြက်သွန်ဖြူ မွှေးလာရင် မှိုများထည့်ပြီး ၂ မိနစ်လောက် ထပ်တည်ပါ။
-
ပြီးရင်တော့ ကျန်ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီး မွှေပေးပါ။ မှိုနွမ်းလာရင်တော့ အရသာအတွက် ဆားမြည်းပြီး လိုသလိုထပ်ဖြည့်လိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ မှိုအစုံကြော်ဟင်းလေးကို ထမင်းပူပူလေးနဲ့ တွဲပြီးစားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent