
တစ်မျိုးထဲနဲ့ လျှာလည်သွားစေမယ့် ဟင်းနုနွယ်မှိုကြော်
20 မိနစ်
3 ဦးစာ
လွယ်သော
အသားဟင်းတွေချည်း ရိုးနေပြီဆိုသူများအတွက် အာဟာရလဲပြည့်ပြီး လူတိုင်း အကြိုက်တွေ့စေမယ့် ဟင်းနုနွယ်မှိုကြော်နည်းလေးကို ပြောပြပေးမယ်နော်။ ပြင်ဆင်ရတာရော ချက်ပြုတ်ရတာပါ လွယ်ကူတဲ့အတွက်ကြောင့် ရုံးချိန်၊ ကျောင်းချိန်အမှီ ထမင်းချိုင့်ထည့်ပေးချင်သူများအတွက်လဲ ဆင်ပြေစေမှာပါ။
ပါဝင်ပစ္စည်းများ
- ဟင်းနုနွယ် ၂ စည်း
- ကောက်ရိုးမှို ၁၀ ကျပ်သား
- ငါးကျည်းခြောက် အနည်းငယ်
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၅ တတ်
- ချင်း အနည်းငယ်
- ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ပဲဆီသန့် ထမင်းစားဇွန်း ၁ ဇွန်း
- ငရုပ်သီးစိမ်း ၁၀ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဦးဆုံး ငါးကျည်းခြောက်ကို နွင်ရလွယ်အောင်ရေစိမ်ပါ။ ပြီးရင်တော့ အသားလေးတွေ နွင်ကာ သန့်စင်ထားပါ။
-
ဟင်းနုနွယ်နဲ့ မှိုလေးတွေကိုတော့ ရေစင်အောင်ဆေးပြီး နှစ်သက်သလို သင်ထားပေးပါနော်။
-
ဆီသတ်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းကို ထောင်းထားပေးပါ။ ပြီးရင်တော့ နနွင်းမှုန့်နဲ့ ငါးကျည်းခြောက်လေးထည့်ပြီး ဆီသတ်ပါ။
-
ငါးကျည်းခြောက်လေးတွေ အနံ့လေးသင့်ပြီး ကျက်လာရင်တော့ သန့်စင်ထားတဲ့ ဟင်းနုနွယ်နဲ့ မှိုလေးတွေထည့်ပြီး ကြော်ပေးပါနော်။
-
ဟင်းပွဲလေးကို အရသာရှိသွားစေဖို့အတွက်ကတော့ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အနံ့အရသာသွင်းပေးပါ။
-
ဟင်းနုနွယ်နဲ့ မှိုလေးတွေ နူးလာပြီဆိုရင်တော့ ငရုတ်သီးစိမ်းလေးအုပ်ပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent