
တစ်မျိုးထဲနဲ့ ပြီးပြည့်စုံစေမယ့် စွယ်စုံကြက်သားဟင်း
45 မိနစ်
3 ဦးစာ
အလယ်အလတ်
ကြက်သားကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရသာပိုရှိအောင်ချက်စားချင်သူတွေအတွက် စွယ်စုံးကြက်သားဟင်းချက်နည်းလေးအကြောင်း တင်ဆက်ပေးချင်ပါတယ်။ နာမည်လေးအတိုင်း ဟင်းခတ်အမွှေးအကြိုင်စုံစုံလင်လင်လေးမို့ မိသားစုတွေလည်း အကြိုက်တွေ့စေမှာပါ။
ပါဝင်ပစ္စည်းများ
- ကြက်သား ၁၅ ကျပ်သား (အတုံးသေး လေးတုံးထားပါ)
- ကြက်အသဲအမြစ် ၁၅ ကျပ်သား (အတုံးသေး လေးတုံးထားပါ)
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူ ၃ မွှာ (ထောင်းထားပါ)
- ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဟင်းချက်မှုန့်စုံ ထမင်းစားဇွန်း ၁ ဇွန်း
- အရောင်တင်မှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငရုတ်သီးမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ချင်း လက် ၂ ဆစ် (ထောင်းထားပါ)
- ပျင်းတော်သိန်းရွက် ၅ ရွက်
- ဇီယာ လက်ဖက်စားဇွန်း ၁ ဝက်
- ငရုတ်ကောင်း လက်ဖက်စားဇွန်း ၁ ဝက်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်သားနဲ့ ကြက်သဲမြစ်တွေကို ရေစင်အောင်ဆေးထားပြီး နှစ်သက်သလို လှီးဖြတ်ထားပါ။
-
ပြီးရင်တော့ ဖန်ဇလုံးကြီးကြီးထဲထည့်ပြီး ခနောကြက်သားမှုန့် (ထမင်းစားဇွန်း ၁ ဇွန်း)၊ နနွင်းမှုန့် တို့နဲ့ နယ်ထားပေးပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုထောင်းထားပါ။
-
ဒယ်အိုးထဲမှာ ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့အတူ အမွှေးနံ့သာများထည့်ပြီး ဆီသတ်ပါ။
-
ဆီသတ်နံ့လေးမွှေးလာရင်တော့ ငံပြာရည်ထည့်ပြီး အနှံ့မွှေပေးပါနော်။
-
ပြီးရင် အရသာသွင်းထားတဲ့ ကြက်သားတုံးလေးတွေထည့်ပြီး ရေထည့်ကာ နူးလာသည်အထိ ချက်ပေးပါနော်။
-
ကြက်သားလေးတွေ နူးလာရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ပါက ခနောကြက်သားမှုန့်ထည့်နိုင်ပါတယ်။
-
အားလုံးပြီးသွားရင်တော့ အနံ့နဲ့တင် ရွှေမျိုးမေ့သွားစေမယ့် စွယ်စုံကြက်သားဟင်းလေး ရပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent