တစ်မျိုးထဲနဲ့ ထမင်းမြိန်စေမယ့်  ပဲစင်းငုံနှင့် အသီးအရွက်ဟင်း

တစ်မျိုးထဲနဲ့ ထမင်းမြိန်စေမယ့် ပဲစင်းငုံနှင့် အသီးအရွက်ဟင်း

30 မိနစ်

3 ဦးစာ

လွယ်သော

အသားဟင်းတွေ စားရတာရိုးလာတဲ့ မိသားစုတွေအတွက် လက်စွမ်းပြစရာ ပဲစင်းငုံ အသီးအရွက်ဟင်းလေးနဲ့ အိမ်ရှင်မတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ပဲစင်းငုံလေးတွေကို လတ်ဆတ်ပြီး အရသာရှိတဲ့ အသီးအရွက်လေးတွေနဲ့ ရောချက်ထားတာမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက်ဖြစ်စေမှာပါနော်။

ပါဝင်ပစ္စည်းများ

  • ပဲစင်းငုံ ၁ ဗူး
  • မုန်လာဥနီ ၁ ဥ
  • ပဲသီးရှည် ၅ ချောင်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
  • မန်ကျည်းရည် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီး ၅ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၂ ဥ
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • အရောင်တင်မှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ဇီယာမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • နံနံမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • မဆလာ လက်ဖက်စားဇွန်း ၁ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဦးဆုံးအနေနဲ့ ပဲစင်းငုံလေးတွေကို ရေစစ်ထားပေးပါ။

  2. မုန်လာဥနီလေးတွေကို အတုံးလေးတွေ တုံးထားပြီး ပဲသီးရှည်လေးတွေကိုတော့ တစ်လက်မအရွယ် ဖြတ်ထားပေးပါ။

  3. ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထောင်းထားပြီး ခရမ်းချဉ်သီးလေးတွေကိုတော့ အတုံးသေးလေးတွေ လှီးထားပေးပါနော်။

  4. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီအပြင် ဟင်းအနှစ်လုပ်ဖို့ ပါဝင်ပစ္စည်းတွေထည့်ပြီး ဆီသတ်ပေးပါ။

  5. ပြီးရင် ခရမ်းချဉ်သီးထည့်ပြီး ကြက်သွန်ဖြူလေးတွေ နွမ်းလာသည်အထိ တည်ပေးပါနော်။

  6. အနံ့လေးတွေမွှေးလာရင်တော့ ရေတစ်ဝက်ခန့်ထည့်ပြီး ကျန်ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ကာ မီးပြင်းပြင်းနဲ့ ရေဆူသည်အထိ ချက်ပေးပါ။

  7. ပြီးရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့်ထည့်ကာ အရသာရှိတဲ့ ပဲစင်းငုံအသီးအရွက်ဟင်းလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent