
တစ်ချက်ခုတ် နှစ်ချက်ပြတ် ဝက်သုံးထပ်သားနှင့် မျှစ်ကြော်
50 မိနစ်
3 ဦးစာ
အလယ်အလတ်
အသားနဲ့ အသီးအနှံနှစ်မျိုးလုံးရောချက်တဲ့ဟင်းတွေက ထမင်းစားပိုမြိန်တက်ပါတယ်။ ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်နဲ့ အရမ်းအရသာရှိစေမယ့် ဝက်သုံးထပ်သားမျှစ်ကြော်နည်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ အိမ်မှာ အလွယ်တကူကြော်စားနိုင်မှာမို့ အစားအသောက်ချစ်သူတွေအတွက်လည်း အရမ်းအသုံးဝင်မယ်လို့ ထင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သုံးထပ်သား ၁၀ ကျပ်သား
- မျှစ်ချို ၁၀ ကျပ်သား
- ကြက်သွန်ဖြူ ၅ တက်
- ကြက်သွန်နီ ၁ လုံး
- ချင်း အနည်းငယ်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ရေသန့် ၅၀၀ မီလီလီတာ
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ငရုတ်သီးစိမ်း ၅ တောင့်
- ကြက်သွန်မြိတ် အနည်းငယ်
- ရှမ်းငရုတ်နီ ၁ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဝက်သုံးထပ်သားလေးတွေကို ရေဆေးသန့်စင်ပြီး အတုံးလေးတွေ တုံးထားပြီး မိနစ် (၃၀)ခန့် ပြုတ်ထားပေးပါ။
-
မျှစ်ချိုလေးတွေကိုတော့ သန့်စင်ထားပြီး (၃)မိနစ်ခန့် ပြုတ်ပေးပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ထောင်းထားပေးပါ။
-
အကြော်ကြော်ဖို့အတွက် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ငရုတ်နှစ်လေးတွေကိုထည့်ပါ။
-
ဆီသတ်နံ့လေးမွှေးလာပြီဆိုရင်တော့ ပြုတ်ထားတဲ့ ဝက်သုံးထပ်သားနဲ့ မျှစ်လေးတွေကို ထည့်ကြော်ပေးပါ။
-
အရသာအတွက် ခနေကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်လေးထည့်ပြီး ဟင်းခတ်အနေနဲ့ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းလေး ထည့်ပါ။
-
ဝက်သုံးထပ်သားနဲ့ မျှစ်ကြော်လေးကျက်ခါနီးရင်တော့ ရှမ်းငရုတ်နီလေးအုပ်ပြီး အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent