
တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြက်သားငါးဆုပ်ချက်
45 မိနစ်
3 ဦးစာ
အလယ်အလတ်
ငါးမကြိုက်လို့ ငါးဆုပ်မစားဖြစ်သူတွေအတွက် ကြက်သားကို ငါးဆုပ်လေးလို ကြော်စားကြည့်ရအောင်။ ကြက်သားကြိတ်သားလေးကို ငါးဖယ်လေးနဲ့ အရသာရှိအောင် ချက်ထားတာမို့ ခံတွင်းမြိန်စေမယ့် ဟင်းလေးတစ်မျိုးပါပဲနော်...
ပါဝင်ပစ္စည်းများ
- ကြက်ကြိတ်သား ၃၀ ကျပ်သား
- ကြက်ဥ ၁ လုံး
- ဆော်တာမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဂျုံမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူ ၁ မွှာ
- ချင်း လက်တဆစ်
- ထောပတ်ဆီ လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- နံနံပင် ၅ ပင်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဝက်
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- အနီရောင်ဟင်းချက်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဇလုံးကြီးကြီးတစ်လုံးထဲမှာ ကြိတ်ထားသောကြက်သား၊ ကြက်ဥ၊ ဆော်တာမှုန့်၊ ဂျုံမှုန့်၊ ထောင်းထားသော ကြက်သွန်ဖြူနဲ့ ချင်း၊ ထောပတ်ဆီ၊ ဆား၊ နံနံပင် (၂)ပင်၊ ခနောကြက်သားမှုန့်တို့ထည့်ပြီး နယ်ပါ။
-
ကြက်သားငါးဆုပ်ပြားလေးတွေ တစ်ခုနဲ့တစ်ခု မကပ်သွားဖို့အတွက် ဆီလေးသုပ်ပြီး ပန်းကန်ပြန့်ပြန့်လေးပေါ်တင်ထားပါ။
-
ပြီးရင်တော့ ကြက်သားငါးဆုပ်ပြားလေးတွေကို ဆီများများနဲ့ ရွှေရောင်သန်းလာသည်အထိ ကြော်ကာ စစ်ထားပေးပါ။
-
နောက်ဒယ်အိုးတစ်လုံးထဲမှာတော့ အနီရောင်ဟင်းချက်အနှစ်၊ ငံပြာရည်ထည့်ပြီး ဆီသတ်ပါ။
-
ဆီသတ်နံ့လေးမွှေလားရင်တော့ စောနကကြော်ထားတဲ့ အသားပြားလေးတွေ ထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ချက်ပေးပါနော်။
-
ဟင်းရည်လေးလည်းခမ်း ကျက်ခံနီးရင်တော့ အရသာအပေါ့အငန်မြည်းပြီး လိုအပ်ရင် ခနောကြက်သားမှုန့်လေးထည့်ပါ။
-
အိုးချခါနီးရင်တော့ နံနံပင်လေးအုပ်ပြီး အရသာရှိတဲ့ ကြက်သားငါးဆုပ်ကြော်လေးကို ထမင်းဖြူလေးနဲ့ တွဲဖက်စားနိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent