တစ်ခါထဲနဲ့ အသဲစွဲသွားစေမယ့် ဝက်မိုးခိုသားနဲ့ လက်ဖက်ဒညင်းသီးချက်

တစ်ခါထဲနဲ့ အသဲစွဲသွားစေမယ့် ဝက်မိုးခိုသားနဲ့ လက်ဖက်ဒညင်းသီးချက်

50 မိနစ်

3 ဦးစာ

အလယ်အလတ်

ဒီတစ်ခေါက်တော့ လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်လေးဖြစ်တဲ့ ဝက်သားနဲ့ ဒညင်းသီးချက်ချက်နည်းလေးကို ပြောပြပေးမယ်နော်။ ဝက်သားနဲ့ ဒညင်းသီးကိုမှ စားနေကျပုံစံ မဟုတ်ပဲ လက်ဖက်လေးနဲ့ ချက်ထား‌တော့ ပိုပြီးအကြိုက်တွေ့စေမှာ အသေအချာပါပဲနော်။

ပါဝင်ပစ္စည်းများ

  • ဝက်မိုးခိုသား ၂၅ ကျပ်သား
  • ပုဇွန်ခြောက် ၆ ကျပ်သားခန့်
  • လက်ဖက်နှပ်နု ၁၀ ကျပ်သားခန့်
  • ကြက်သွန်ဖြူ ၁၀ တက်
  • ချင်း ၃ ကျပ်သားခန့်
  • ငါးငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
  • ငရုပ်ကောင်းမှုန့် အနည်းငယ်
  • ဒညင်းသီးပြုတ် ၁၀ လုံး
  • သံပုရာရည် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ငရုပ်သီးစိမ်း ၁၀ တောင့်
  • ရေသန့် ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဝက်မိုးခိုသားကို ပါးပါးလှီးပြီး ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်တို့နဲ့ (၁၅)မိနစ်ခန့် အရသာသွင်းထားပါ ။

  2. ဟင်းအနှစ်လုပ်ဖို့အတွက် ကြက်သွန်ဖြူ ၊ ချင်းနဲ့ ငရုပ်သီးစိမ်းတို့ကို ပုစွန်ခြောက်၊ ငါးငံပြာရည် အနည်းငယ်တို့နဲ့ ရောပြီး ထောင်းပါ ။

  3. အသင့်ထောင်းထားတဲ့ လက်ဖက်အနှစ်နဲ့ ဝက်မိုးခိုသားကို ပဲဆီသန့်၊ သံပုရာရည်တို့နဲ့ အရသာသွင်းပြီး ၁၅ မိနစ်ခန့်နှပ်ထားပါ။

  4. ဒယ်အိုးကို အပူပေးပြီး အသင့်အရသာသွင်းထားတဲ့ ဝက်မိုးခိုသား လက်ဖက်နှပ်ကို အိုးကင်းပူကပ်ကြော်ပါ ။

  5. ဝက်မိုးခိုသားဆီ ပြန်လာပြီဆိုရင်တော့ ဒညင်းသီးပြုတ်ထည့်ချက်ပြီး ရေသန့်အနည်းငယ်ဖြင့် ဝက်သား နူးတဲ့အထိ ချက်ပေးပါ။

  6. ဝက်မိုးခိုသားနဲ့ လက်ဖက်ဒညင်းသီးချက် နူးလာပြီဆိုရင်တော့ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဆလပ်ရွက်တို့နဲ့ အလှဆင်တည်ခင်းပါ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent