တစ်ခါစားပြီးတာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် ပဲပြားနဲ့အသီးအရွက်ကြော်

တစ်ခါစားပြီးတာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် ပဲပြားနဲ့အသီးအရွက်ကြော်

30 မိနစ်

3 ဦးစာ

လွယ်သော

အာဟာရနဲ့ပြည့်စုံတဲ့ ပဲပြားနဲ့အသီးအရွက်ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။ လူကြီးလူငယ်မရွေး အကြိုက်တွေ့စေမယ့် ဟင်းလေးဖြစ်လို့ ဘာဟင်းချက်ရမလဲဆိုပြီး ခေါင်းစားနေသူများအတွက် သင့်လျော်တဲ့ ဟင်းပွဲလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး (၃၇၅ ဂရမ်)
  • ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • Sherry ဝိုင် ထမင်းစားဇွန်း ၁ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • အသီးအရွက်ပြုတ်ရည် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
  • ပြောင်းဖူးကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မွှာ
  • ချင်း လက် ၂ ဆစ်
  • မုန်လာဥနီ ၁ ဥ
  • ရွှေပဲသီး ၁၅ တောင့်
  • ကြက်သွန်မြိတ် ၄ ပင်
  • မှို ၄၂၅ ဂရမ်
  • ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဒယ်အိုးထဲကို ဆီထည့်ပြီးအပူပေးပါ။ ဆီပူလာပြီဆိုရင်တော့ ပဲပြားထည့်ကြော်ပါ။

  2. ပဲပြား အညိုရောင်သန်းလာရင် ဆယ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်း ထည့်ပြီး ၂ မိနစ်လောက် ကြော်ပါ။

  3. ကြက်သွန်ဖြူ မွှေးလာပြီ ဆိုရင်တော့ မုန်လာဥ၊ ရွှေပဲသီး ထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပါ။

  4. ပြီးသွားရင် ကျန်ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီး မွှေပေးပါ။ အရသာမြည်းပြီး လိုအပ်ရင် ထပ်ဖြည့်ပါ။

  5. အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ပဲပြားနဲ့ အသီးအရွက်ကြော် ပူပူလေးကို ထမင်းလေးနဲ့ အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent