ဇီယာနံ့မွှေးမွှေးလေးနဲ့ ရောသမမွှေအသီးအနှံချက်

ဇီယာနံ့မွှေးမွှေးလေးနဲ့ ရောသမမွှေအသီးအနှံချက်

30 မိနစ်

3 ဦးစာ

လွယ်သော

အသားမပါပေမယ့် အရသာရှိစေမယ့် ရောသမမွှေအသီးအနှံချက်လေးကို ဇီယာနံ့မွှေးမွှေးလေးနဲ့ ချက်စားကြည့်ရအောင်နော်။ နာမည်လေးအတိုင်း အသီးအနှံအစုံထည့်လို့ရပြီး အကုန်ရောသမမွှေကာချက်မှာမို့ အရမ်းလွယ်ကူလွန်းလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁ ဝက်
  • သခွားဖရုံ ၁ လုံး
  • ပဲသီးရှည် ၁ စည်း
  • သံလွင်ဆီ လက်ဖက်စားဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ လုံး
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်သီးအစိမ်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ခရမ်းချဉ်သီးအနှစ် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ဇီယာစေ့ လက်ဖက်စားဇွန်း ၁ ဇွန်း
  • အသီးအရွက်အရည် ၁ ခွက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး အသီးအရွက်တွေကို နှစ်သက်သလို လှီးဖြတ်ထားပြီး ရေဆေးထားပါ။

  2. ဇလုံအကြီးကြီးထဲမှာ အသီးအရွက်တွေနဲ့ ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ။

  3. ပြီးရင်တော့ သင့်တော်တဲ့ ရေပမာဏထည့်ပြီး မီးဖိုပေါ်မှာတင်ကာ ချက်ပေးပါနော်။

  4. ဟင်းအိုးလေးကို မကြာမကြာ ခပ်ဖွဖွလေး မွှေပေးပါ။

  5. အသီးအနှံတွေ နူးခါစပြုလာရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent