
ဆွေမျိုးမေ့သွားစေမယ့် ကျွဲကောသီးအစပ်သုပ်
15 မိနစ်
3 ဦးစာ
လွယ်သော
အိမ်ရှင်မတို့ရေ...ဒီတစ်ခါမှာတော့ အချိုတည်းဖြစ်တဲ့ အသီးလေးတစ်မျိုးကို ထိမိပွင့်ထွက်သွားအောင် သုပ်စားကြည့်ရအောင်နော်။ အဲ့ဒါလေးကတော့ ပုံမှန်ဆားနဲ့တို့စားနေကျ ကျွဲကောသီးလေးဖြစ်ပြီး အခုလို အရသာရှိအောင် သုပ်စားရင် ထမင်းလည်းမြိန်စေမယ့် အရသာရှိသော အရံဟင်းပွဲလေးဖြစ်စေမှာပါ။
ပါဝင်ပစ္စည်းများ
- ကျွဲကောသီး ၁ လုံး
- ကြက်သွန်နီ ၂ လုံး
- မြေပဲလှော် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
- သီဟိုစေ့ ထမင်းစားဇွန်း ၂ ဇွန်း
- စပါးလင် ၁ ချောင်း
- ငံပြာရည် ထမင်းစားဇွန်း ၁ ဝက်
- ငရုတ်သီးအစိမ်းပုတောင့် ၅ တောင့်
- သံပုရာရည် လက်ဖက်စားဇွန်း ၃ ဇွန်း
- နံနံပင် ၅ ပင်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကျွဲကောသီးလေးတွေကို အခွံခွာပြီး အသားလေးတွေ နွင်ထားပေးပါ။
-
ကြက်သွန်နီလေးကို ပါးပါးလှီးပြီး မြေပဲလှော်နဲ့ သီဟိုစေ့လေးကို မညက်တညက်ထောင်းထားပေးပါနော်။
-
စပါးလင်နဲ့ နံနံပင်ကို နုတ်နုတ်စင်းထားပြီး ငရုတ်သီးစိမ်းကိုတော့ ခပ်ကြမ်းကြမ်းလေး လှီးထားပေးပါ။
-
ဆောစ်လုပ်ဖို့အတွက် ငံပြာရည်၊ ငရုတ်သီးအစိမ်းပုတောင့်၊ သံပုရာရည်၊ နံနံပင်၊ ခနောကြက်သားမှုန့်တို့ရောပြီး သမအောင်မွှေပေးကာ ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။
-
အသုပ်သုပ်ဖို့အတွက် ဇလုံတစ်လုံးထဲမှာ ကျွဲကောသီးနဲ့ လှီးဖြတ်ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကိုထည့်ပေးပါ။
-
သိမ်းထားတဲ့ ဆောစ်လေးထည့်ပြီး အသာသွင်းကာ ဖွဖွလေးနယ်ပေးပါနော်။ အရသာအတွက်လိုအပ်ရင် ခနောကြက်သားမှုန့်လေးထပ်ထည့်နိုင်ပါတယ်။
-
ပြီးရင်တော့ အရသာရှိပြီး ထမင်းဖြူလေးနဲ့စားလည်းမြိန်စေမယ့် ကျွဲကောသီးအစပ်သုပ်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent