ဆန်းသစ်တဲ့အရသာနဲ့ ဂေါ်ရခါးညွန်၊ ဝက်သားပုဇွန်ကြော်

ဆန်းသစ်တဲ့အရသာနဲ့ ဂေါ်ရခါးညွန်၊ ဝက်သားပုဇွန်ကြော်

20 မိနစ်

3 ဦးစာ

လွယ်သော

ဝက်သားဟင်းလေးတွေကို ဆီပြန်၊ အချိုချက်စသဖြင့် ပုံမှန်ချက်နေကျအတိုင်းမချက်ပဲ အသီးအရွက်၊ ပင်လယ်စာတို့နဲ့ ရောချက်ကြည့်ရအောင်။ ကြော်လိုက်ရင် နူးညံ့ပြီးစားကောင်းတဲ့ ဂေါ်ရခါးညွှန့်လေးအပြင် ပုဇွန်လေးနဲ့ပါ တွဲကြော်လိုက်ရင်တော့ အရမ်းကိုစားကောင်းတဲ့ ဟင်းလေးတစ်ခွက် ဖြစ်စေမှာပါနော်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးညွှန့် ၁ စည်း
  • ပုဇွန်စိပ် ၅ ကျပ်သား
  • ဝက်သုံးထပ်သား ၅ ကျပ်သား
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၅ တက်
  • ချင်း အနည်းငယ်
  • ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ပဲဆီသန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့်
  • ရေသန့် အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ပုဇွန်စိပ်၊ ဝက်သုံးထပ်သားလေးတွေကို ရေဆေးပြီး သန့်စင်ထားပေးပါ။

  2. ဝက်သားလေးတွေကိုတော့ ကြော်ရလွယ်ကူအောင် ပြုတ်ပြီး ပါးပါးလှီးထားပေးပါ။

  3. ဂေါ်ရခါးညွန့်လေးတွကိုတော့ သန့်စင်ပြီး အရွက်ခြွေထားပေးပါနော်။

  4. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကိုတော့ ဆီသတ်ဖို့အတွက် ထောင်းထားပေးပါ။

  5. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်နှစ်လေးတွေကိုထည့်ပြီး ဆီသတ်ပေးပါ။

  6. ဆီသတ်နံ့လေးမွှေးလာရင်တော့ ပုဇွန်စိပ်နဲ့ ဝက်သုံးထပ်သားလေးတွေကို ထည့်ကြော်ပေးပါနော်။

  7. ပုဇွန်စိပ်နဲ့ ဝက်သုံးထပ်သားလေးတွေ ကျက်လာရင်တော့ အသင့်အရွက်ခြွေထားတဲ့ ဂေါ်ရခါးညွန့်လေးတွေထည့်ပြီး ရေသန့်အနည်းငယ်တောက်ပေးပါ။

  8. အရသာအတွက် ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်လေးထည့်ကြော်ပေးပါနော်။

  9. ဂေါ်ရခါးညွှန့်လေးလည်း နူးပြီး အရည်လေးလည်းခမ်းလာပြီဆိုရင်တော့ ငရုတ်သီးစိမ်းလေးအုပ်ပြီး ထမင်းပူလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent