
ဆန်းပြားပြီး အရသာရှိတဲ့ အစေ့အဆန်နှင့် သခွားသီးအစပ်သုပ်
15 မိနစ်
3 ဦးစာ
လွယ်သော
တစ်နေ့တစ်နေ့ အရံဟင်းအတွက် ဘာချက်ရမလဲ ခေါင်းစားနေတဲ့ အိမ်ရှင်မတွေအတွက် အလွယ်တကူဝယ်လို့ရပြီး ချက်ရတာလဲမြန်တဲ့ အစေ့အဆန်နှင့်သခွားသီးအစပ်သုပ် ဟင်းချက်နည်းလေး ပြောပြပေးသွားပါမယ်နော်။ သခွားသီးလေးကို စပ်စပ်လေးနဲ့ ထိထိမိမိဖြစ်အောင် သုပ်ထားတဲ့အတွက်ကြောင့် လူတိုင်းအကြိုက်တွေ့မှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
- သခွားသီး ၁ လုံး
- သရက်သီး ၁ စိတ်
- ငရုတ်သီးစိမ်း ၇ တောင့်
- နံနံပင် ၅ ပင်
- ကြက်သွန်နီ ၁ လုံး
- ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သီဟိုဠေ့စေ့ ထမင်းစားဇွန်း ၁ ဇွန်း
- သစ်ချသီးစေ့ ထမင်းစားဇွန်း ၁ ဇွန်း
- မြေပဲ ထမင်းစားဇွန်း ၁ ဇွန်း
- ဘန်ဒါစေ့ ထမင်းစားဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူကြော်ဆီချက် ထမင်းစားဇွန်း ၁ ဇွန်း
- နမ်းနက် ထမင်းစားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
သခွားသီးလေးတွေကို အစေ့ထုတ်ပါးပါးလှီးထားပြီး သရက်သီးလေးတွေကိုတော့ အမျှင်ခြစ်ထားပေးပါ။
-
ငရုတ်သီးစိမ်းလေးတွေကို မညက်တညက်ထောင်းထားပြီး နံနံပင်လေးတွေကိုတော့ ခပ်ကြမ်းကြမ်းလှီးထားပေးပါနော်။
-
ကြက်သွန်နီလေးတွေကို ပါးပါးလှီးထားပြီးတော့ ငံပြာရည်လေးတွေကိုတော့ ကျိုထားပေးပါ။ အစေ့အဆန်လေးတွေကိုတော့ ထောင်းထားပေးပါ။
-
အသုပ်သုပ်ရန်အတွက် ဖန်ဇလုံ အကြီးထဲကို လှီးထားသော အသီးအရွက် နှင့် အသီးများ အားလုံးထည့်ပါ။ ပြီးမှ အစေ့အဆန့်မှုန့်များဖြူးပါ။
-
ဆော့စ်ထည့်ပြီး လက်နှင့်နှံ့အောင် ဖွဖွလေး နယ်ပေးပါ။ နယ်ပြီးသွားရင်တော့ အရသာမြည်းကြည့်ပါ။ အပေါ့အငန်သေချာချိန်ကြည့်ပြီး လိုအပ်ရင်တော့ ခနောကြက်သားမှုန့်ကို ထပ်ပြီးထည့်လို့ရပါတယ်။
-
အသုပ်အဆင်သင့်ဖြစ်ရင်တော့ ပန်းကန်တစ်ခုထဲကို အသုပ်ထည့်ပြီး နှမ်းလေးဖြူးကာ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent