ဆန်ပြုတ်နဲ့ အလိုက်ဖက်ဆုံး ကြက်သားမွှကြော်လေးလုပ်စားမယ်

ဆန်ပြုတ်နဲ့ အလိုက်ဖက်ဆုံး ကြက်သားမွှကြော်လေးလုပ်စားမယ်

20 မိနစ်

4 ဦးစာ

အလယ်အလတ်

အခုလို အိမ်မှာ နေပြီး အားရှိအောင် ကြိုးစားနေရတဲ့ အချိန်မှာ အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်လေးနဲ့အတူ လိုက်ဖက်လှတဲ့ ကြွပ်ကြွပ်မွမွ ကြက်သားမွှကြော်လေးကို မြန်မြန်လွယ်လွယ် ဘယ်လို လုပ်စားမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သားရင်ပုံသား ၃၂၀ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ဓါးပြားရိုက်ထားပါ)
  • ချင်း ၂ ပြား
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ၃ ခွက် (၇၀၀ မီလီလီတာ) (ကြက်သားပြုတ်ရန်အတွက်)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်နီ ၃ လုံး (ပါးပါးလှီးထားပါ)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၃ ဇွန်း
  • ခနောဆန်ပြုတ် ၁ ထုပ်
  • ရေ ၂၅၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်သားကို ချင်း၊ ငံပြာရည်၊ ကြက်သွန်ဖြူ ၂ မြွှာနဲ့ ရေ၃ ခွက်ထည့်ပြီး ၁၅ မိနစ်ခန့် ပြုတ်ထားပါ)

  2. ပြီးရင် အိုးထဲကနေ ကြက်သားကို ဆယ်ပြီး လက်နဲ့ ဖြစ်ဖြစ်၊ ခရင်းကို အသုံးပြုပြီး ဖြစ်ဖြစ် အသားနွှင်ထားပါ။

  3. ဆီကို အပူပေးပြီး ဆီပူလာတဲ့အခါ နနွင်းမှုန့် အရင်ထည့်ပါ၊ ပြီးရင် လှီးထားတဲ့ ကြက်သွန်တွေကို ထည့်ပြီး ကြွပ်ရွလာတဲ့အထိ မီးအေးအေးနဲ့ ကြော်ပါ။ ပြီးရင် ကြက်သွန်ကြော်တွေကို ဆီစစ်ပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ။

  4. ကျန်တဲ့ ဆီထဲ အရောင်တင်မှုန့် ထည့်ပြီး မွှေပေးပါ။ ပြီးရင် ကြက်သားမွှထားတာတွေထည့်၊ ခနောကြက်သားမှုန့်ထည့်ပြီး ရွှေရောင်သမ်းပြီး ကြွပ်မွလာတဲ့အထိ မီးအေးအေးနဲ့ ကြော်ပေးပါ။

  5. ကြက်သားလိုချင်တဲ့ အနေအထားရောက်တဲ့အခါ ဖယ်ထားတဲ့ ကြက်သွန်ကြော်တွေ ထည့်ပြီး စက္ကန့် ၃၀ လောက် ကြော်ပေးပါ။ ပြီးရင်တော့ ကြက်သားမွှကြော်လေးကို ပန်းကန်ထဲ ပြောင်းထည့်ထားပေးပါ။

  6. ခနောဆန်ပြုတ်မှုန့်ကို အိုးတစ်လုံးထဲ ထည့်ပြီး ရေ ၂၅၀ မီလီလီတာထည့်ပြီး ပြုတ်ပါ၊ ရေဆူလာတဲ့အခါ မီးလျှော့ပြီး ၃ မိနစ်ကနေ ၅ မိနစ်ခန့် မွှေပေးရပါမယ်။

  7. ဒီလောက်ဆို ဆန်ပြုတ် အသင့်ဖြစ်ပြီ ဖြစ်ပြီး ဆန်ပြုတ်ထဲကို ကြက်သားမွှကြော်လိုသလောက်ထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent