
ဆန်ပြုတ်နဲ့ တွဲစားမယ် ပဲပြားကြော်ကြွပ်ကြွပ်မွမွ
5 မိနစ်
1 ဦးစာ
လွယ်သော
ဒီတစ်ခါတော့ အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်ပူပူလေးနဲ့ ပဲပြားကြော်အတွဲအစပ်လေးကို ပြောပြပေးပါ့မယ်နော်။ သူ့ပင်ကိုမှာကိုက ပရိုတိန်းနဲ့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ ပဲပြားကို ကြွပ်ကြွပ်မွမွလေးကြော်ပြီး ဆန်ပြုတ်ပူပူလေးနဲ့ တွဲစားလိုက်မယ်ဆိုရင် အရသာထူးသလို ဖောလိတ်နဲ့ သံဓာတ်ကြောင့် ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးစေနိုင်ပါတယ်။ ချက်ပြုတ်နည်းလေးကလည်း လွယ်ကူလို့ လိုက်ချက်ကြည့်လိုက်ရအောင်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ၂ လက်မအရွယ် ပဲပြား ၁ တုံး (အနေတော်လေးထောင့်တုံးလေးတွေ တုံးထားပါ)
- နနွင်း လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံ
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ခနောဆန်ပြုတ် ၁ ထုပ်
- ရေ ၂၅၀ မီလီလီတာ
- ကြက်ဥပြုတ် တစ်ခြမ်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပဲပြားတုံးလေးတွေကို ပန်းကန်ထဲထည့်ပြီး နနွင်းမှုန့်နည်းနည်းထည့်ကာ နယ်ထားပါ။
-
မကပ်တဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးထားပါ။
-
ဆီပူလာတဲ့အခါ ပဲပြားတုံးလေးတွေကို ထည့်ပြီး ရွှေညိုရောင်သမ်းလာတဲ့အထိကြော်ပြီး ဆီစစ်ထားပါ။
-
နောက်ထပ်အိုးတစ်လုံးထဲကို ခနောဆန်ပြုတ်ထည့်ပြီး ရေထည့်ကာ ပွက်အောင်တည်ထားပါ။
-
ရေဆူလာတဲ့အခါ မီးနည်းနည်းလျှော့ပြီး ၃ မိနစ်ကနေ ၅ မိနစ်လောက် မွှေပေးပါ။
-
ဆန်ပြုတ်အသင့်ဖြစ်ပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်လေးဖြူး၊ ပဲပြားကြော်နဲ့ ကြက်ဥပြုတ်တစ်ခြမ်းထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent