
စားမြိန်ဖွယ် ငါးကျည်းခြောက်ချဉ်ပေါင်ကြော်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
အိမ်ရှင်မတို့ရေ ဒီတစ်ခါမှာတော့ ပုံမှန်ချက်စားနေကျ ချဉ်ပေါင်ကြော်လေးကို ထူးခြားသွားအောင် ငါးကျည်းခြောက်လေးထည့်ကြော်ကြည့်ရအောင်နော်။ ပုံမှန်တောင် မြင်တာနဲ့ သွားရည်ယိုစေတဲ့ ချဉ်ပေါင်ကြော်လေးကို ငါးကျည်းခြောက်လေးနဲ့ ပေါင်းစပ်လိုက်တော့ ပိုမွှေးပြီး ပိုအရသာရှိစေမှာပါ။
ပါဝင်ပစ္စည်းများ
- ငါးကျည်းခြောက် ၁၀ ကျပ်သား
- ချဉ်ပေါင်ရွက် ၁ စည်း
- မျှစ် ၅ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တက်
- ချင်း အနည်းငယ်
- ငရုတ်သီးခြောက် ၆ တောင့်
- မျှင်ငါးပိ ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- နံနံပင် အနည်းငယ်
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ရေသန့် ၂၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ငါးကျည်းခြောက်လေးတွေကို ရေဆေးပြီး အသားနွင်ထားပေးပါ။ ချဉ်ပေါင်ရွက်လေးတွေကိုတော့ အရွက်ချွေပြီး သန့်စင်ပေးထားပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနဲ့ ငရုတ်သီးခြောက်တွေကို ထောင်းထားပေးပါနော်။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ငရုတ်သီးအနှစ်လေးတွေကို နနွင်းမှုန့်လေးတွေနဲ့ ဆီသတ်ပေးပါ။
-
ကြက်သွန်လေးတွေ နွမ်းပြီး ဆီသတ်နံ့လေးလည်း မွှေးလာပြီဆိုရင်တော့ အသားနွာထားတဲ့ ငါးကျည်းခြောက်လေးထည့်ပြီး မျှင်ငါးပိ၊ ငါးငံပြာရည်တို့ ထည့်ချက်ပေးပါ။
-
ကြော်ထားတဲ့ ငါးကျည်းခြောက်လေးတွေ ကျက်လာရင်တော့ သန့်စင်ထားတဲ့ ချဉ်ပေါင်ရွက်လေးတွေရယ် မျှစ်လေးတွေရယ်ကိုထည့်လိုက်ပါ။
-
အရသာအတွက် ခနောကြက်သားမှုန့်လေးရယ် အနံ့လေးမွှေးနေဖို့ ငရုတ်ကောင်းမှုန့်လေးတွေပါ ထည့်ကြော်ပေးပါနော်။
-
ချဉ်ပေါင်ရွက်နဲ့ မျှစ်လေးတွေလည်း ကျက်ပြီး အနံ့လေးလည်းမွှေးလာပြီဆိုရင်တော့ ငရုတ်သီးစိမ်း၊ နံနံပင်လေးအုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent