စားဖူးသူတိုင်း အကြိုက်တွေ့သွားစေမယ့် ကင်းပုံသီးနဲ့ ပုစွန်အစပ်ချက်

စားဖူးသူတိုင်း အကြိုက်တွေ့သွားစေမယ့် ကင်းပုံသီးနဲ့ ပုစွန်အစပ်ချက်

30 မိနစ်

3 ဦးစာ

အလယ်အလတ်

ပုစွန်ချစ်သူများ အကြိုက်တွေ့စေမယ့် ကင်းပုံသီးနဲ့ ပုစွန်အစပ်ချက် ဟင်းချက်နည်းလေး တင်ပေးပါမယ်နော်။ ပုစွန်ကို ချက်နေကျပုံစံမဟုတ်ပဲ ထူးထူးဆန်းဆန်း ကင်းပုံသီးလေးနဲ့ ချက်ထားတော့ လူကြီးလူငယ်မရွေး လျှာလည်သွားစေမယ့် ဟင်းကောင်းလေးတစ်ခွက်လဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်းမှုံသီး ၂၅ ကျပ်သား
  • ပုစွန်စိပ် ၁၀ ကျပ်သား
  • ကြက်သွန်ဖြူ ၅ တတ်
  • ကြက်သွန်နီ ၁ လုံး
  • ငရုပ်ခြောက် ၃ တောင့်
  • ချင်း အနည်းငယ်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မျှင်ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့် အနည်းငယ်
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲဆီသန့် ထမင်းစားဇွန်း ၃ ဇွန်း
  • ရေသန့် ၂၀၀ မီလီလီတာ
  • ငရုပ်သီးစိမ်း ၁၀ တောင့်
  • နံနံပင် အနည်းငယ်
  • သံပုရာသီး ၁ လုံး

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကင်းမှုံသီးကို သန့်စင်ပြီး ပါးပါးလှီးပါ။ ထို့နောက် ပုစွန်စိပ် ကိုလည်း သန့်စင်ပြီး သံပုရာရည်၊ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့် တို့ဖြင့် အရသာသွင်းထားပါ။

  2. ငရုပ်ခြောက်ကို အစေ့ထုတ်ပြီး ချင်း ၊ကြက်သွန်ဖြူ ၊ကြက်သွန်နီ တို့နဲ့ ဟင်းအနှစ် ရအောင် ထောင်းထားပါ။

  3. ဒယ်အိုးထဲတွင် ပဲဆီသန့်ကို အပူပေးပြီး နနွင်းမှုန့်နဲ့ ဟင်းအနှစ် တို့ကို ဆီသတ်ပါ။

  4. ဟင်းအနှစ် ဆီပြန်လာရင်တော့ အသင့် အရသာသွင်းထားတဲ့ ပုစွန်စိပ် ကိုထည့်ချက်ပြီး အရသာကို မျှင်ငါးပိ ၊ ငါးငံပြာရည် နဲ့ ငရုပ်သီးစိမ်းတို့ကို အနည်းငယ်ထည့်ချက်ပါ။

  5. ကင်းမှုံသီး အနည်းငယ်ကျက်ပြီ ဆိုရင်တော့ ရေသန့်ထည့်ချက်ပြီး ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ မျှင်ငါးပိ ၊ ငါးငံပြာရည်တို့ထပ်ဖြည့်ပြီး ကင်းမှုံသီးနူးတဲ့အထိ မီးပျော့ပျော့နဲ့ ချက်ပေးပါ။

  6. ကင်းမှုံသီးနူးပြီဆိုရင်တော့ ငရုပ်သီးစိမ်း၊ သံပုရာသီးနှင့် နံနံပင် အနည်းငယ်အုပ်ပြီး အရသာရှိတဲ့ ကင်းမှုံသီးပုစွန်အစပ်ချက် ဟင်းလေးကို သုံးဆောင်လို့ ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent