စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်

စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်

60 မိနစ်

2 ဦးစာ

အလယ်အလတ်

ဘယ်လိုလဲဗျာ.. နှစ်သစ်ရဲ့ ဒုတိယလမှာရော ကျန်းမာရေးနဲ့အညီ နေထိုင်ဖို့ ကြိုးစားတာတွေ အောင်မြင်ကြရဲ့လား။ ကျန်းမာရေးနဲ့အညီ စားသုံးဖို့ လုပ်ပေမယ့် တချို့ဟင်းလျာတွေကျတော့ အရောင်က ဖြူဖတ်ဖြူလျော်နဲ့ တချို့ဟင်းတွေကျတော့လည်း ကျန်းမာရေးနဲ့ညီပေမယ့် ဒါတွေချည်းပဲ စားရတာ ရိုးနေပြီဆိုရင် ထူးထူးခြားခြားလေးဖြစ်အောင် အရောင်စုံလင်ပြီး စားချင့်စဖွယ်ဖြစ်သလို ကိုယ်ခံစွမ်းအားစနစ်ကို အထောက်အကူပြုစေနိုင်တဲ့ ငရုတ်ပွသီးကြက်သားအစာသွပ်ချက်နည်းလေး မျှဝေပေးပါရစေ။ ငရုတ်ပွသီးမှာ ဗီတာမင်စီကြွယ်ဝလို့ အသားအရေအတွက်လည်း ကောင်းမွန်စေသလို ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်ကို အားကောင်းစေပါတယ်။ ဒါတင်ပဲလားဆိုတော့ Folate ဓာတ်လည်းပါတဲ့အတွက် မောပန်းနွမ်းနယ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဒီလို ငရုတ်ပွသီးအရောင်စုံလေးကို ကြက်သားလေးနဲ့ အစာသွပ်ပြီး ခနောဆန်ပြုတ်ပူပူလေးနဲ့ ရှူးရှူးရှဲရှဲသောက်ကြည့်ဖို့ ချက်နည်းလေးကတော့

ပါဝင်ပစ္စည်းများ

  • အရိုးလွတ်ကြက်သား ၂၀ ကျပ်သား ၊ နုတ်နုတ်စဥ်းထားပါ
  • ချင်း လက်တစ်ဆစ် ၊ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ ၅ မြွှာ ၊ ညက်နေအောင် ထောင်းထားပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ခြောက်ပုံတစ်ပုံ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ခြောက်ပုံတစ်ပုံ
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း ခွဲ
  • ရေ ၅၀ မီလီလီတာ
  • ငရုတ်ပွသီးအနီ ၃ လုံး ၊၂ လုံးကို ထိပ်ဖြတ်ပြီး အူတိုင်နဲ့ အစေ့တွေ ထုတ်ထားပါ၊ ၁ လုံးကို အလှဆင်ဖို့ အမျှင်ရှည်လေးတွေ လှီးထားပါ
  • ငရုတ်ပွသီးအဝါ ၃ လုံး ၊ ၂ လုံးကို ထိပ်ဖြတ်ပြီး အူတိုင်နဲ့ အစေ့တွေ ထုတ်ထားပါ၊ ၁ လုံးကို အလှဆင်ဖို့ အမျှင်ရှည်လေးတွေ လှီးထားပါ
  • ခနောဆန်ပြုတ် ၁ ထုပ်
  • ရေ ၂၅၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်သားကို နုတ်နုတ်စဥ်းပြီး ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ခနောကြက်သားမှုန့်၊ငရုတ်ကောင်း၊ နနွင်းမှုန့်တို့နဲ့ နယ်ပြီး မိနစ် ၃၀ လောက် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။

  2. ဆီကို အပူပေးပြီး နှပ်ထားတဲ့ ကြက်သားကို ထည့်ပြီး နည်းနည်းမွှေပေးပါ။

  3. ပြီးရင်တော့ ရေထည့်၊ အဖုံးအုပ်ကာ ရေခမ်းပြီး ကြက်သားနူးသွားတဲ့အထိ တည်ထားပေးပါ။

  4. ကြက်သားနူးသွားတဲ့အခါမှာတော့ ငရုတ်ပွသီး ၄ လုံးထဲကို အစာသွပ်ပါမယ်။

  5. အစာသွပ်ထားတဲ့ ငရုတ်ပွသီးတွေကို Aluminum foil နဲ့ပတ်ပြီး Oven ထဲမှာ မိနစ် ၃၀-၄၀ လောက် ချက်ပေးပါ။

  6. အိုးအသစ်တစ်လုံးထဲမှာ ခနော ဆန်ပြုတ်ထုတ်အား ဖောက်ထည့်ပြီး ရေ ၂၅၀ မီလီမီတာနဲ့ ဆူပွက်လာအောင်ပြုတ်ပါ။ဆူပွက်လာပါက မီးလျှော့ပြီး အကျဲ ကြိုက်ပါက ၃ မိနစ်ခန့် မွှေပြီး ချပါ။အပျစ်ကြိုက်ပါက ၅ မိနစ်ခန့် မွှေပြီး မီးဖိုပေါ်မှ ချကာ ပန်းကန်လုံးထဲ ပြောင်းထည့်ပါ။

  7. ပြီးရင်တော့ အစာသွပ်ထားတဲ့ ငရုပ်ပွသီးတွေကို ဆန်ပြုတ်ပေါ်တင်၊ ကျန်ငရုတ်ပွသီးများကို အမျှင်ရှည်လေးတွေ လှီးဖြတ်ပြီး ဆန်ပြုတ်ပေါ် အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent