
ငါးပိထမင်းကြော် ကြော်စားကြစို့
10 မိနစ်
2 ဦးစာ
လွယ်သော
ငါးပိစားရတာလည်းကြိုက် ထမင်းကြော်ကိုလည်းနှစ်ခြိုက်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာကတော့ ငါးပိထမင်းကြော်လေးပါပဲနော်။ အတွဲအစပ်မိမိနဲ့လူငယ်တွေကြား ပေါ်ပြူလာဖြစ်လှတဲ့ ငါးပိထမင်းကြော်လေးက အိမ်မှာကိုယ်တိုင်ကြော်စားမယ်ဆိုရင်လည်း လွယ်ကူအဆင်ပြေပါတယ်။ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ထိုင်းငါးပိကလည်း စူပါမားကက်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့အရာမို့ ငါးပိထမင်းကြော်မွှေးမွှေးလေးကို ဘယ်လိုဖန်တီးမလဲဆိုတာ ပြောပြပေးပါမယ်နော်။
ပါဝင်ပစ္စည်းများ
- ထမင်း ၅၀၀ ဂရမ်
- ကြက်သား ၂၀ ကျပ်သား (ရေဆေးပြီး အတုံးသေးသေးလေးများလှီးကာ ခနောကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်တို့နဲ့နယ်ထားပါ)
- ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်အူချောင်း ၂ ချောင်း (ကြော်ကာ ခပ်စွေစွေလှီးထားပါ)
- ကြက်ဥ ၂ လုံး ကြက်ဥ ၂ လုံး (ဒယ်အိုးမှာဆီသုတ်ရုံသုတ်ပြီး မွှေကြော်ထားပါ။ အအေးခံကာ အမျှင်လေးများဖြစ်အောင်လှီးထားပါ)
- ထိုင်းမျှင်ငါးပိ ထမင်းစားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ရေ ထမင်းစားဇွန်း ၄ ဇွန်း
- ပဲတောင့်ရှည် ၃ ချောင်း (ရေဆေးပြီး ခပ်စွေစွေလှီးထားပါ)
- ပုစွန်ခြောက်ကြော် ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်သီးစိမ်း ၂ တောင့် (လှီးထားပါ)
- ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
- သခွားသီး ၂ ချပ် (ပါးပါးလှီးထားပါ)
- သရက်သီးစိမ်း ထမင်းစားဇွန်း ၁ ဇွန်း (အမျှင်လေးများရအောင် ခြစ်နဲ့ ခြစ်ထားပြီး)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး ထမင်းကြော်မှာထည့်ဖို့အတွက် ကြက်သားလေးတွေနဲ့ပဲသီးကို ကျက်အောင်အရင်ကြော်ထားပေးပါ။ ဒယ်အိုးထဲကို ဆီထည့်ပြီးဆီဆူလာတဲ့အခါ ကြက်သားကိုထည့်ကာ ၃ မိနစ်ခန့်လှိမ့်ကြော်ပေးပါ။ ပြီးရင်ပဲသီးထည့်မွှေပါ။ ၁ မိနစ်ခန့်အကြာ ကြက်သားနဲ့ပဲသီး ကျက်သွားတဲ့အခါဆယ်ထားလိုက်ပါ။
-
ဒယ်အိုးထဲကို ငါးပိထည့်လိုက်ပြီး ငါးပိကျေအောင်၊ အနံ့မွှေးလာအောင် မွှေပေးပါ။ ပြီးရင်တော့ ရေထည့်ပြီး ပွက်လာအောင်ဆက်မွှေပေးပါ။
-
ငါးပိမွှေးမွှေးပျစ်ပျစ်လေးရလာပြီဆိုရင် ထမင်းထည့်မွှေပေးလိုက်ပါ။ ပြီးရင်တော့ အသားနဲ့ပဲသီးထည့်မွှေကာ ၁ မိနစ်ခန့်အကြာမှာ မီးပိတ်လိုက်ပါ။
-
စားချင့်စဖွယ်ပွဲလှလှလေး ပြင်ဆင်ဖို့အတွက် ထမင်းကြော်ကိုပန်းကန်လုံးလေးထဲခူးထည့်ပြီး ပန်းကန်ပြားပေါ်ပြန်မှောက်ချလိုက်ပါ။
-
ဘေးမှာ ကြက်အူချောင်းကြော်၊ ကြက်ဥကြော်၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ကြော်၊ ငရုတ်သီးစိမ်း၊ သခွားသီးနဲ့သရက်သီးမျှင်လေးများ ခြံရံပြီးအားပါးတရ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent