
ငါးနုသန်းရေချိုလေး လွယ်လွယ်ချက်စားမယ်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
အသားဟင်းတွေစားရတာ ရိုးနေတဲ့သူတွေအတွက် ချက်ပြုတ်ရလွယ်ကူပြီး အာဟာရလဲ ပြည့်စုံတဲ့ ငါးနုသန်းရေချိုချက်နည်းလေး ပြောပြမယ်နော်။ ငါးနုသန်းဟာ ကယ်လိုရီနည်းတဲ့အပြင် ဗီတာမင် B12, Omega 3, Omega 6 တို့လဲ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လဲ အထူးသင့်လျော်တဲ့ ဟင်းပွဲလေးပဲဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ
- ငါးနုသန်း ၂၅ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တတ်
- ချင်း ၅ ကျပ်သား
- စပါးလင် ၂ ပင်
- ငရုပ်ပွခြောက် ၃ တောင့်
- ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
- ခရမ်းချဉ်သီး (ကိုင်းသီး) ၁၀ ကျပ်သား
- နံနံပင် အနည်းငယ်
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ရေသန့် ဝ.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး ငါးနုသန်းကို ရေပြောင်အောင်ဆေးပြီး ခနောကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငါးငံပြာရည် အနည်းငယ်တို့နဲ့ နယ်ပြီး အရသာဝင်သွားအောင် မိနစ် ၂၀ ခန့် နှပ်ထားပါ။ ဒီနေရာမှာခနောကြက်သားမှုန့်ကို ထည့်နှပ်လိုက်မယ်ဆိုရင်တော့ ငါးနုသန်းရဲ့ အရသာကို ပိုမိုကောင်းမွန်စေပါတယ်။
-
ခရမ်းချဉ်သီး (ကိုင်းသီး)ကို ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပြီး သီးသန့်ပန်းကန်ထဲမှာ ခွဲထည့်ပါ။ နံနံပင်နဲ့ ငရုတ်သီးတို့ကို ရေစိမ်ထားပါ။
-
ငရုတ်ပွခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ကြေညက်အောင်ထောင်းပြီး ငရုတ်သီးအနှစ် ပြုလုပ်ပါ။
-
ဆီသတ်ရန် ဒယ်အိုးတွင် ပဲဆီသန့်ကို အပူပေးပြီး ဒယ်အိုးပူလာရင် နံနံပင်အရိုး၊ နနွင်းမှုန့်၊ စပါးလင်နဲ့ ငရုတ်သီးအနှစ် တို့ကို ရောမွှေပြီး ငရုတ်သီးအနှစ်ချက်ပါ။
-
ငရုတ်သီးအနှစ်ကျက်ရင်တော့ အသင့်ကြိတ်ထားတဲ့ ခရမ်းချဉ်သီး အနှစ်ထည့်ပြီး မွှေပါ။ ဆီပြန်လာရင် အသင့်နှပ်ထားတဲ့ ငါးနုသန်းလေးတွေကိုထည့်ပါ။
-
ငါးနုသန်း အနည်းငယ်ဆီပြန်လာရင် ရေအနည်းငယ်ရောပါ။ ဟင်းပွဲအရသာကို ပိုမိုပေါ်လွင်စေဖို့အတွက် ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို လိုသလိုထည့်ပြီး ကျက်သည်အထိ ချက်ပေးပါ။
-
ဟင်းကျက်ရင် ဟင်းပွဲအား ပြည့်စုံသော အနံ့ဖြစ်စေဖို့ အသင့်သန့်စင်ထားသော ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်ပါ။
-
ပီးရင်တော့ အနံ့အရသာနှင့် ပြည့်စုံတဲ့ ငါးနုသန်းရေချို ဟင်းပွဲလေးကို အသင့်ပြင်ထားသော ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး ထမင်းပူပူလေးနဲ့ မြိန်ရည်ယှက်ရည် သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent