
ငါးခူစဥ်းကော
10 မိနစ်
3 ဦးစာ
အလယ်အလတ်
ငါးကြိုက်ပေမယ့် ငါးအရိုးစူးမှာကြောက်တတ်သူတွေအတွက် အကောင်းဆုံးဟင်းတစ်ခွက်ကတော့ ငါးခူစဉ်းကောပါပဲ။ ငါးခူစဉ်းကောဟင်းလေးက ချက်ပြုတ်ချိန်မကြာပေမယ့် ငါးခူအသားနွှာတဲ့နေရာမှာတော့ အကိုင်အတွယ်ကျွမ်းကျင်ဖို့နဲ့ ဓားကောင်းဖို့လိုအပ်ပါတယ်။ အရသာချိုလှတဲ့ငါးခူကို အသားချည်းပဲနွှာပြီး မွှေးမွှေးလေးချက်ထားတာမို့ ထမင်းမြိန်စေမှာ အသေအချာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးခူ ၃၀ ကျပ်သား (ငါးခူကိုရေ၊မန်ကျည်းမှည့်နဲ့ အချွဲကုန်အောင်ဆေးပြီး အသားနွှွာပါ။ အသားနွှာတဲ့အခါ အမြီးနားကနေစပြီး ဓားထက်ထက်နဲ့နွှာပေးပါ) (အသားတွေကို အနေတော်တုံးပြီး ခနောကြက်သားမှုန့်၊ နနွင်းနဲ့နယ်ပေးပါ)
- ကြက်သွန်နီ ၂ လုံး (ညက်အောင် ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ မြွှာ (ထောင်းထားပါ)
- ခရမ်းချဥ်သီးအကြီး ၁ လုံး (လှီးထားပါ)
- ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (တစ်ဝက်ကိုအသားနယ်ရန်)
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း (တစ်ဝက်ကိုငါးနယ်ရန်)
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- မန်ကျည်းမှည့် အနည်းငယ် (ငါးဆေးရန်)
- ရေ ၁၀၀ မီလီမီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကို ဆီထည့်ပါ။ ဆီဆူလာတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်မွှေပါ။
-
ကြက်သွန်နည်းနည်းနွမ်းတဲ့အခါ နနွင်းနဲ့ငရုတ်သီးမှုန့်ထည့်ကာ အရောင်လေးလှလာအောင်ဆီသတ်ပါ။ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ပါ။
-
ခရမ်းချဉ်သီးလေးလိပ်လာချိန်မှာ ငံပြာရည်လေးထည့်မွှေပေးပါ။ ပြီးရင်တော့ လှီးထားတဲ့ငါးခူလေးတွေထည့်ပေးပါ။
-
အသားနဲ့ခရမ်းချဉ်သီး သေသေချာချာသမသွားအောင်မွှေပြီးချိန်မှာရေထည့်ပါ။
-
ခနောကြက်သားမှုန့်ထည့်မွှေကာ အဖုံးအုပ်ထားပါ။ဟင်းအိုးရေခန်းပြီး ဆီပြန်လာပြီဆိုရင်တော့ မွှေးပျံ့အရသာရှိလှတဲ့ ငါးခူစဉ်းကောတစ်ခွက်ကို ရရှိပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent