
ခြံထွက်အသီးအရွက်တွေကို အသဲအမြစ်နဲ့ကြော်စားကြမယ်
20 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒီတစ်ခေါက်မှာတော့ ကလေး၊ လူကြီး အားလုံး အကြိုက်တွေ့စေမယ့် ကြက်အသဲအမြစ်လေးကို အသီးအရွက်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြော်စားကြည့်ရအောင်။ နာမည်လေးအတိုင်း ခြံထဲမှာ အလွယ်တကူစိုက်လို့ရတဲ့ အသီးအရွက်လေးတွေနဲ့မို့ အိမ်မှာအလွယ်တကူကြော်စားနိုင်မယ့် ဟင်းလျာလေးတစ်ခွက်ပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်အသဲအမြစ် ၃၀ ကျပ်သား
- ဂေါ်ဖီ ၁ စိတ်
- မုန်လာဥနီ ၁ ဥ
- ပဲသီးရှည် ၅ ချောင်း
- ငရုတ်သီးစိမ်း ၆ တောင့်
- မှို ၁၀ ကျပ်သား
- မက်ခါသီး လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူ ၃ မွှာ
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ကြက်ပြုတ်ရည် ထမင်းစားဇွန်း ၃ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကြက်အသဲအမြစ်လေးတွေကို ခနောကြက်သားမှုန့် ၁ ဇွန်းခွဲနဲ့ နယ်ကာ ပြုတ်ထားပြီး အတုံးလေးတွေ တုံးထားပေးပါ။
-
မုန်လာဥနီ၊ မုန်လာဥ၊ ပဲသီးရှည်၊ ဂေါ်ဖီ၊ မှိုလေးတွေကိုတော့ နှစ်သက်သလို လှီးဖြတ်ထားပေးပါနော်။
-
မက်ခါသီးလေးတွေကိုတော့ ထောင်းထားပြီး ငရုတ်သီးစိမ်းလေးတွေကိုတော့ ထိပ်လေးတွေ ခွဲထားပေးရပါမယ်။
-
အကြော်စကြော်ဖို့အတွက် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ မုန်လာဥနဲ့ ကြက်အသည်းအမြစ်တွေထည့်ပြီး (၈)မိနစ်ခန့် ကြော်ပေးပါနော်။
-
ပြီးရင်တော့ ကျန်အသီးအရွက်တွေထည့်ပြီး အားလုံးနှံ့အောင် မွှေကာထည့်ကြော်ပေးပါ။ ကျန်ပါဝင်ပစ္စည်းများကို တစ်ခုချင်းဆီထည့်ကာ အရသာသွင်းပေးပါ။
-
အသီးအရွက်လေးတွေ နူးလာပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့် ထည့်နိုင်ပါတယ်။
-
အားလုံးပြင်ဆင်ပြီးသွားရင်တော့ အရသာရှိလှတဲ့ ခြံထွက်အသီးအရွက်များနဲ့ ကြက်အသဲအမြစ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent