
ချိုအေးမွှေး အုန်းနို့ သီးနှံစုံ ဆန်ပြုတ်လေး
15 မိနစ်
1 ဦးစာ
လွယ်သော
အာဟာရပြည့် အရသာရှိပြီး သားသားမီးမီးတို့ရော၊ ဘိုးဘိုးဘွားဘွားတို့ပါ ကြိုက်နှစ်သက်မယ့် အုန်းနို့ သီးနှံစုံ ဆန်ပြုတ် လုပ်နည်းလေး ပြောပြပေးမယ်နော်။ လုပ်ရတာလည်း လွယ်ပြီး၊ အသီးအနှံစုံနဲ့ ချိုချိုမွှေးမွှေးအေးအေးလေး စားရတာမို့ နွေရာသီနဲ့ လိုက်ဖက်ပြီး မိသားစု အာဟာရဖြစ်စေမယ့် အုန်းနို့ သီးနှံစုံ ဆန်ပြုတ်လေးကို ခနောဆန်ပြုတ်ထုပ်လေးနဲ့ လုပ်ကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
- ခနောဆန်ပြုတ် ၁ ထုပ်
- ရေ ၂၅၀ မီလီလီတာ
- နွားနို့ ခွက် တဝက်
- အုန်းနို့ခရင်မ် ထမင်းစားဇွန်း ၁ ဇွန်းနဲ့ တဝက်
- သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- စတော်ဘယ်ရီသီး ၁ လုံး
- ပန်းသီး ၁ လုံး
- ပဲစိမ်းကြော် အနည်းငယ်
- သီဟိုဠ်စေ့ အနည်းငယ်
- ငှက်ပျောသီး ၁ လုံး
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲမှာ ခနောဆန်ပြုတ်မှုန့်ကို ထည့်ပြီး ရေ ၂၅၀ မီလီလီတာထည့်ကာ ပွက်လာတဲ့အထိ တည့်ပါ။
-
ပွက်လာရင် နွားနို့နဲ့ အုန်းနို့ ခရင်မ်ထည့်ပြီး သေချာမွှေပေးပါ။
-
ပြီးရင်တော့ အချိုအတွက် သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး သကြားပျော်ဝင်အောင် သေသေချာချာမွှေပေးပါ။ အချိုကို ကိုယ်ကြိုက်တဲ့ အချိုးအဆလည်း မှန်းထည့်လို့ ရတယ်နော်။
-
အချိုအရသာ အဆင်ပြေပြီ၊ ဆန်ပြုတ်ရပြီဆိုရင်တော့ အိုးပေါ်မှ ချပြီး မိနစ် ၃၀ လောက် အအေးခံပေးပါ။
-
ဆန်ပြုတ်အေးသွားပြီဆိုရင် စတော်ဘယ်ရီသီး၊ ပန်းသီး၊ ပဲစိမ်းကြော်၊ သီဟိုဠ်စေ့နဲ့ ငှက်ပျောသီးတို့ကို ကြိုက်နှစ်သက်သလို လှီးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်တစ်ခွက်
15 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ကန်စွန်းဥဆန်ပြုတ်ချိုလေး
15 မိနစ်
1 ဦးစာ
လွယ်သော