
ချဥ်စပ်ပွင့်ထွက်မယ့် ငါးသံပုရာပေါင်းလေး
25 မိနစ်
2 ဦးစာ
အလယ်အလတ်
ရာသီဥတုကြီးက ငြီးစီစီဖြစ်နေတော့ ထမင်းဟင်းတွေကလည်းမစားချင်၊ ပါးစပ်က ချဉ်ချဉ်စပ်စပ်လေး တောင့်တတိုင်းအိမ်မှာ အမြဲတမ်း ကျွန်တော်တို့ လုပ်စားနေကြ အစားအစာတစ်မျိုးရှိပါတယ်။ အဲ့ဒါကတော့ ငါးသံပုရာပေါင်းပါပဲ။ ငါးအရသာချိုချိုလေးကို သံပုရာအချဉ်၊ငရုတ်သီးစိမ်းရဲ့ အစပ်တို့နဲ့ အရည်သောက် ချဉ်စပ်အရသာလေးဆိုတော့ အရသာလည်းရှိတယ် ချက်ရလည်းလွယ်တယ်လေ။ ဒါပေမယ့် ငါးသံပုရာပေါင်းကလည်း မလုပ်တတ်ရင် အရသာမရှိဖြစ်တတ်တာမို့ ဒီတစ်ခေါက်တော့ ကျွန်တော် ချက်စားနေကျ ချက်နည်း နဲ့ ချက်ပြပါမယ်။
ပါဝင်ပစ္စည်းများ
- ကက္ကတစ်ငါး ၁ ကောင် (၄၀၀ ဂရမ်) (အကြေးခွံခွာ ရေဆေးထားပါ)
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ၄ မွှာ (ထောင်းပြီး အရည်ယူထားပါ)
- ချင်း ၄ စင်တီမီတာ (ထောင်းပြီး အရည်ယူထားပါ)
- စပါးလင် ၂ ချောင်း
- ဆော့စ်အတွက်
- ကြက်သွန်ဖြူ ၄ မွှာ (နုတ်နုတ်စင်းထားပါ)
- ငရုတ်သီးစိမ်း ၄ တောင့် (နုတ်နုတ်စင်းထားပါ)
- သံပုရာသီး ၂ လုံး (အရည်ညှစ်ယူထားပါ)
- ရှာလကာရည် ထမင်းစားဇွန်း ၃ ဇွန်း
- ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- နံနံပင်ပါးပါးလှီးပြီးသား ထမင်းစားဇွန်း ၂ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး ငါးကို ကြက်သွန်ဖြူရည်၊ချင်းရည်၊ ခနောကြက်သားမှုန့် အနည်းငယ်နဲ့ ၄မိနစ်ခန့် နှပ်ပါမယ်။
-
ပြီးတာနဲ့ စပါးလင်တစ်ချောင်းကို ပါးစပ်ထဲ ထိုး၊နောက်တစ်ချောင်းကို ဗိုက်ခွဲထည့်ပြီးရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်းထည့်ကာ ရေပွက်ပွက်ဆူတဲ့ အိုးထဲ ပေါင်းအိုးတင်ကာ ရေခမ်းတဲ့ထိ ပေါင်းထားပါမယ်။
-
စပါးလင်တွေကို ငါးထဲက ဖယ်ပါ။ ငါးကထွက်တဲ့ အချိုရည်တွေ ကို ပန်းကန်တစ်ခုထဲ ဖယ်ထားပါမယ်။
-
ဆော့စ်အတွက် ကြက်သွန်ဖြူ၊သံပုရာရည်၊ငံပြာရည်၊ငရုတ်သီး၊နံနံပင်၊ သကြားနဲ့ရှာလကာရည်ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ငါးအချိုရည်နဲ့ ရောမွှေထားပါမယ်။ ငါးပေါင်းပေါ်ကို ဆော့စ်အရည်အကုန် နှံ့အောင်ဆမ်းပေးပါ။ အရည်များများသောက်ချင်ရင် ငါးကို မပေါင်းဘဲ ပြုတ်လို့လည်းရပါတယ်။
-
ဒီနည်းနဲ့ အရသာရှိပြီး ချဉ်စပ်တဲ့ ငါးသံပုရာပေါင်းလေးကို အိမ်မှာချက်စားနိုင်ပါပြီ။ စာဖတ်သူတို့ရဲ့ အကြိုက်ဆုံးငါးသံပုရာချက်နည်းကရော ဘယ်လိုဖြစ်မလဲ ပြောပေးသွားပါဦး။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent