
ချဥ်ငန်စပ်တို့ဟူးသုပ်လေးသုပ်စားကြမယ်
5 မိနစ်
2 ဦးစာ
လွယ်သော
တို့ဟူးသုပ်တွေကို အထမ်းသည်လေးတွေဆီမှာ၊ အသုပ်ဆိုင်တွေမှာ အလွယ်တကူဝယ်စားနိုင်ပေမယ့်လည်း အိမ်မှာ ကိုယ်တိုင်သုပ်စားလိုက်တော့ သန့်ရှင်းမှုအတွက် ပိုပြီး စိတ်ချရပါတယ်။ ဒါကြောင့် ချဉ်ငန်စပ်တို့ဟူးသုပ်လေးကို လွယ်လွယ်ကူကူသုပ်စားနိုင်မယ့် နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- တို့ဟူး ပန်းကန်လုံးတစ်လုံးစာ (မထူမပါး အတုံးရှည်လေးများလှီးထားပါ)
- ဂေါ်ဖီထုပ် ပန်းကန်လုံးတစ်ဝက်စာ (ခြစ်ဖြင့်ခြစ်ထားပါ)
- ကြက်သွန်နီ ၁ လုံး (မထူမပါးလှီးထားပါ)
- ပဲမှုန့် (အကျက်မှုန့်) ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ရေနွေးစားပွဲတင်ဇွန်း ၁ ဇွန်းရောကာဖျော်ထားပါ) (ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည် မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်)
- ဆီ ထမင်းစားဇွန်း ၄ ဇွန်း
- ရှောက်ရွက် ၄ ရွက် (ပါးပါးလေးလှီးထားပါ)
- ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း သုံးပုံတစ်ပုံ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီဆူလာချိန်မှာ ကြက်သွန်နီ၊ နနွင်းမှုန့်ထည့်ကာ ဆီချက်ပါ။ ဆီချက်ကို အဖတ်သတ်သတ်ဖယ်ထားပါ။
-
ဇလုံတစ်လုံးထဲကို တို့ဟူး၊ ဂေါ်ဖီ၊ ငံပြာရည်၊ ခနောကြက်သားမှုန့်၊ မန်ကျည်းရည်၊ ရှောက်ရွက်၊ ဆီချက်စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ နယ်ပါ။
-
သမသွားတဲ့အချိန်မှာ အပေါ်က ကြက်သွန်နီဆီချက်ဖတ်လေးတွေ ဖြူးပေးလိုက်ပါ။
-
ထမင်းကြမ်းနဲ့ပဲစားစား၊ ရေနွေးကြမ်းသောက်ရင်းပဲစားစား စားလို့ကောင်းလှတဲ့ ချဉ်ငန်စပ်တို့ဟူးသုပ်လေးကို အိမ်မှာသုပ်စားကြည့်ပါဦးနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်တစ်ခွက်
15 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ကန်စွန်းဥဆန်ပြုတ်ချိုလေး
15 မိနစ်
1 ဦးစာ
လွယ်သော