
ချဥ်ချဥ်စပ်စပ် ထိထိမိမိနဲ့ တုန်ယမ်းပဲပြားဟင်းတစ်ခွက်
30 မိနစ်
4 ဦးစာ
အလယ်အလတ်
How to Cook ပရိသတ်ကြီးရေ။ အကုန်အကျသက်သာတဲ့အပြင် လုပ်ရလွယ်ပြီး စားကောင်းလွန်းလို့ အိမ်တိုင်းမှာ ချက်စားသင့်တဲ့ တုန်ယမ်းပဲပြားချက်လေး မိတ်ဆက်ပေးချင်ပါတယ်။ စားစရာဆိုတာ စျေးကြီးပြီး အမယ်တွေ များနေမှ စားလို့ကောင်းတာမဟုတ်ပါဘူး။ နေ့စဥ်ဘ၀မှာ စားနေတဲ့ တန်ဖိုးနည်း စားစရာလေးတွေကိုပဲ တဖန်ဆန်းသစ်ပြီး ချက်လိုက်တာနဲ့တင် တအားစားကောင်းပြီး ထမင်းမြိန်သွားတာမျိုးလေးတွေရှိပါတယ်။ အဲ့ဒီထဲမှာတော့ ခုပြောသွားမယ့် တုန်ယမ်းပဲပြားချက်လေးက ထိပ်ဆုံးပါပဲ။ ခနောတုန်ယမ်းရယ်၊ပဲပြားရယ်၊ အသားနည်းနည်းရှိရုံနဲ့ အရသာနဲ့လည်း ပြည့်စုံ အမြင်အားဖြင့်လည်းတင့်တယ်တဲ့ ဟင်းတစ်ပွဲ ရပြီပေါ့။ ကဲ တုန်ယမ်းပဲပြားချက်နည်းလေးကို အောက်မှာလေ့လာကြည့်ရအောင်...။
ပါဝင်ပစ္စည်းများ
- ခနောတုန်ယမ်းအရသာခဲ ၂ ခဲ
- ပဲပြား ၂ တုံး
- နုပ်နုပ်စဥ်းထားသော ဝက်သား ၂၀ ကျပ်သားခန့်
- နုပ်နုပ်စဥ်းထားသော ကြက်သွန်ဖြူ ထမင်းစားဇွန်း ၁ ဇွန်း ခန့်
- နုပ်နုပ်စဥ်းထားသော ငြုပ်သီးအနီတောင့် ထမင်းစားဇွန်း ၁ ဇွန်း စာခန့်
- သေးသေးလှီးထားသော ကြက်သွန်မြိတ် ထမင်းစားဇွန်း ၁ ဇွန်း စာခန့်
- ကော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း ခွဲခန့်
- ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငြုပ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆီ မိမိလိုသလောက်
- ရေသန့် ၃၀၀ မီလီလီတာ ခန့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
နုပ်နုပ်စဥ်းထားသော ဝက်သားများကို ဆား၊ သကြား နှင့် ပဲငံပြာရည်အကြည်များနှင့် နယ်ကာ အနည်းဆုံး ၁၅ မိနစ်ခန့် အရသာနှပ်ထားပါ။
-
ပဲပြားများကို ၁ လက်မအရွယ် အတုံးလေးများ ဖြစ်အောင် လှီးထားပေးပါ။
-
ဒယ်အိုးထဲတွင် ပဲပြား မြုပ်ရုံ ဆီထည့်ပြီး ပဲပြားများကို အပြင်အကာတင်းပြီး ရွှေရောင်စသမ်းလာသည်အထိ ဟိုဘက်သည်ဘက် လှန်ကာ ကြော်ပေးပြီး ဆီစစ်ထားပါ။
-
ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းစာခန့်ချန်ပြီး ကြက်သွန်ဖြူများကို ဆီသတ်ပါ။
-
ကြက်သွန်ဖြူမွှေးလာလျှင် အရသာနှပ်ထားသော ဝက်သားများကို ထည့်ကာ ဝက်သားများ ကြေအောင် ဇွန်းဖြင့် အနည်းငယ်ဖိခြေပြီး မွှေကြော်ပေးပါ။ ထို့နောက် နုပ်နုပ်စဥ်းထားသော ငြုပ်သီးအနီများကိုပါ ထည့်ပြီး အနံ့မွှေးလာသည်အထိ သမအောင် မွှေကြော်ပေးပါ။
-
ပြီးလျှင် Knorr တုန်ယမ်းအရသာခဲများကို ထည့်ပေးပါ။ ငြုပ်သီးအရောင်တင်မှုန့်ကိုလည်း ထည့်လိုက်ပြီး တုန်ယမ်းအရသာခဲများ ပျော်ဝင်ပြီး ဝက်သားများနှင့် အရသာနှံ့သွားအောင် မွှေကြော်ပေးပါ။ အသားများကျက်သွားစေရန် ရေကို အသား မမြုပ်တမြုပ်ပမာဏ ထည့်ပြီး ၃ မိနစ်ခန့် ဆက်ချက်ပေးထားပါ။
-
အသားချက်ထားသည့်ရေ အနည်းငယ် ကျန်နေသည့်အနေအထားတွင် ကော်မှုန့်များကို ရေအနည်းငယ်ဖြင့်ဖျော်ကာ လောင်းထည့်ပြီး မွှေပေးလိုက်ပါ။
-
ပြီးလျှင် ကြော်ထားသော ပဲပြားများကိုပါထည့်ပြီး အသားများနှင့် သမသွားအောင် ရောမွှေပေးလိုက်ပါ။
-
နောက်ဆုံးတွင် ကြက်သွန်မြိတ်များကိုပါ ဖြူးပေးလိုက်ပါက မွှေးမွှေးစပ်စပ်လေးနှင့်ထမင်းမြိန်စေမည့် တုန်ယမ်းပဲပြားချဥ်စပ်ချက်လေးကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent