ချဉ်ပြုံးချဉ်ပြုံးလေးနဲ့ ကြက်ပေါင်ခရမ်းချဉ်သီးချက်

ချဉ်ပြုံးချဉ်ပြုံးလေးနဲ့ ကြက်ပေါင်ခရမ်းချဉ်သီးချက်

40 မိနစ်

2 ဦးစာ

အလယ်အလတ်

ဒီတစ်ခေါက်ပြောပြပေးမှာကတော့ ကြက်သားဟင်းကိုမှ ဆီပြန်လည်းမဖြစ်၊ အအီလည်းပြေစေမယ့် ဟင်းလျာလေးပဲ ဖြစ်ပါတယ်။ ကြက်ပေါင်နူးနူးအိအိလေးကိုမှ ခရမ်းချဉ်သီးရဲ့ အချဉ်ဓာတ်လေးနဲ့ ပေါင်းစပ်ထားတာမို့ အရသာတစ်မျိုးလေး ဆန်းစေမှာပါနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၂ ပေါင်
  • ခရမ်းချဉ်သီး ၃ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ချင်း လက်တဆစ်
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်းခွဲ
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ
  • စပါးလင် ၁ ချောင်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်ပေါင်လေးတွေကို ဆေးကြောသန့်စင်ပြီး ရေစင်အောင်စစ်ကာ ခနောကြက်သားမှုန့် (လက်ဖက်စားဇွန်း - ၁ ဇွန်းခွဲ)ထည့်ပြီး နယ်ထားပေးပါ။

  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းကို ထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ စပါးလင်များကို ထုံးထားပေးပါ။

  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ထည့်ပြီး ဆီသတ်ပေးပါနော်။

  4. ပြီးသွားရင်တော့ အရောင်တင်မှုန့်၊ ငံပြာရည်ထည့်ပေးပါ။ ခရမ်းချဉ်သီးလေးတွေထည့်ပြီး အိုးကပ်မသွားအောင် မကြာခဏမွှေပေးပါ။

  5. ခရမ်းချဉ်သီးလေးတွေ နွမ်းလာပြီဆိုရင်တော့ ကြက်ပေါင်ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ကြက်သားနူးတဲ့အထိ ချက်ပေးပါ။

  6. ကြက်သားလေးတွေ နူးလာပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းပြီး ဆား၊ ခနောကြက်သားမှုန့် လိုရင်ထပ်ထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent