
ချဉ်ချဉ်လေးနဲ့ ထမင်းမြိန်စေမယ့် ကန်စွန်းနီနဲ့ ပုစွန်လုံးချဉ်ရည်ဟင်း
40 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒီနေ့မှာတော့ အရည်သောက်ဟင်း ချက်စားချင်သူများအတွက် ချက်နေကျ ဟင်းရည်တွေထဲက မဟုတ်ပဲ အရသာလဲရှိတဲ့ ကန်စွန်းနီနဲ့ ပုစွန်လုံးချဉ်ရည်ဟင်း ချက်နည်းလေး ပြောပြသွားမှာပဲ ဖြစ်ပါတယ်။ ထမင်းမြိန်စေတဲ့ ဟင်းလျားကောင်းဖြစ်လို့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။
ပါဝင်ပစ္စည်းများ
- ပုစွန်စိပ် ၂၀ ကျပ်သား
- ငါးဖယ်ခြစ် ၅ ကျပ်သား
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၁၀ တတ်
- ချင်း အနည်းငယ်
- မျှင်ငါးပိ လက်ဖက်စားဇွန်း ၁ ဇွန်း
- ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- မန်းကျည်းမှည့်အနှစ် ထမင်းစားဇွန်း ၃ ဇွန်း
- ငါးငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- နံနံပင် အနည်းငယ်
- ငရုပ်သီးစိမ်း ၁၀ တောင့်
- ကန်စွန်းနီ ၂ စီး
- ရုံးပတီသီး ၅ တောင့်
- ရေသန့် ၁ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပုစွန်စိပ်ကို အခွံနွှာပြီး ငါးဖယ်ခြစ်နဲ့ရောပြီး ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ နနွင်းမှုန့်တို့နဲ့ ရောထောင်းပါ။
-
ကန်စွန်းနီနဲ့ ရုံးပတီသီးကို ရေဆေးပြီး ၂ လက်မခန့် အရှည်လှီးပါ။
-
ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ။ ထို့နောက် အသင့်လှီးထားတဲ့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ချင်း၊ မျှင်ငါးပိ၊ ငါးငံပြာရည်၊ ငရုပ်ကောင်းမှုန့်၊ ခနော ကြက်သားမှုန့်၊ နနွင်းမှုန့်တို့ကို ထည့်ပြီး ပြုတ်ရည်မွှေးအောင် ချက်ထားပါ။
-
ပြုတ်ရည်အနံ့မွှေးလာရင် အသင့်သန့်စင်ထားသော ကန်စွန်းနီကိုထည့်ပြီး နူးအောင်ချက်ပါ။
-
ပုစွန်နှင့်ငါးဖယ်လုံးနူးပြီဆိုရင်တော့ အသင့်လှီးထားတဲ့ ရုံးပတီသီးနဲ့ အသင့်ဖျော်ထားတဲ့ မန်းကျည်းမှည့်အနှစ် ထည့်ချက်ပြီး ငရုပ်သီးစိမ်းနဲ့ နံနံပင်အုပ်ကာ ထမင်းပူပူလေးနဲ့ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent