
ချင်းနံ့မွှေးမွှေးလေးနဲ့ ချင်းအသီးအရွက်ကြော်
30 မိနစ်
3 ဦးစာ
လွယ်သော
အသီးအရွက်တွေကို ပုံမှန်ထက် အရသာထူးကဲအောင်ချက်စားချင်သူတွေအတွက် ချင်းအသီးအရွက်ကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသီးအရွက်လေးတွေကို ချင်းအမျှင်လေးတွေနဲ့ ကြော်ထားတာမို့ အနံ့လေးလည်းမွှေးပြီး စားချင်စိတ်ကို ပိုပြီဖြစ်စေမှာပါနော်...
ပါဝင်ပစ္စည်းများ
- ချင်း လက် ၂ ဆစ်
- ကြက်သွန်မြိတ် ၄ ပင်
- ပြောင်းဖူးအသေး ၅ ခု
- ဂေါ်ဖီ ၁ စိတ်
- ပဲပင်ပေါက် ၁ ခွက်
- ပုဇွန်ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်ပွနီ ၁ ခြမ်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ချင်းကို အခွံခွာရေဆေးပြီး အချောင်းလိုက်လေးလှီးထားပေးပါနော်။
-
ကြက်သွန်မြိတ်လေးတွေကို အနေတော်ဖြတ်ထားပြီး ပြောင်းဖူးအသေးလေးတွေကိုတော့ ထပ်ခြမ်းပိုင်းထားပေးပါ။
-
ဂေါ်ဖီလေးတွေကို နှစ်သက်သလို လှီးဖြတ်ထားပြီး ပဲပင်ပေါက်လေးတွေကိုတော့ သန့်စင်ထားပေးပါ။
-
ငရုတ်ပွနီသီးလေးတွေကိုတော့ အရှည်လိုက် လှီးထားပေးပါနော်။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် ချင်းလေးတွေထည့်ပြီး ၁ မိနစ်ခန့် မွှေးလာအောင် ကြော်ပေးပါ။
-
ချင်းဆီသတ်နံ့လေး မွှေးလာပြီဆိုရင်တော့ ဂေါ်ဖီ၊ ပြောင်းဖူးထည့်ပြီး ၂ မိနစ်ခန့်လောက် ကြော်ပါ။
-
ပြီးရင်တော့ ကြက်သွန်မြိတ်၊ ငရုတ်ပွနီလေးတွေနဲ့ ပဲပင်ပေါက်လေးတွေအပြင် ကျန်ပါဝင်ပစ္စည်းအားလုံးကို ထည့်ကြော်ပေးပါနော်။
-
အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောအရသာမှုန့်လေးထည့်ပြီး အိုးကချလို့ရပါပြီ။
-
ပြီးရင်တော့ ချင်းနံ့လေးမွှေးပြီး အရသာရှိတဲ့ အသီးအရွက်ကြော်လေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent