
ခံတွင်းလည်းမြိန် အာဟာရလည်းပြည့်စေမယ့် ပုဇွန်မျှစ်ပဲပြုတ်ကြော်
20 မိနစ်
3 ဦးစာ
လွယ်သော
ပုဇွန်ချိုချိုလေးကို အရသာရှိအောင် ကြော်စားချင်သူတွေအတွက် ပုဇွန်မျှစ်ပဲပြုတ်ကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုဇွန်ချိုချိုလေးကို ထမင်းစားမြိန်စေမယ့် မျှစ်လေးအပြင် ပဲပြုတ်လေးနဲ့ပါ ပေါင်းစပ်ထားတာမို့ အရမ်းကို အရသာရှိပြီး ကလေးတွေပါ အကြိုက်တွေ့စေမှာပါ။
ပါဝင်ပစ္စည်းများ
- ပုဇွန်စိပ် ၁၀ ကျပ်သား
- မျှစ် ၁၀ ကျပ်သား
- ပဲပြုတ် ၅ ကျပ်သား
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၅ တက်
- ချင်း အနည်းငယ်
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၃ ဇွန်း
- ငရုတ်သီးစိမ်း ၁၀ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ပုဇွန်လေးတွေကို အကြောထုတ်သန့်စင်ထားပြီး မျှစ်လေးတွေကိုတော့ မိနစ်အနည်းငယ် ပြုတ်ထားပေးပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းတို့ကို ထောင်းထားပေးပါနော်။
-
ဒယ်အိုးထဲမှာ ဆီအပူပေးပြီး ထောင်းထားတဲ့ ငရုတ်နှစ်လေးတွေကို ဆီသတ်ပေးပါ။
-
ကြက်သွန်လေးနွမ်းလာပြီး ဆီသတ်နံ့လေး မွှေးလာရင်တော့ သန့်စင်ထားတဲ့ ပုဇွန်စိပ်လေးတွေ ထည့်ကြော်ပေးပါနော်။
-
ပုဇွန်လေးတွေ ကျက်လာရင်တော့ အသင့်ပြုတ်ထားတဲ့ မျှစ်၊ ပဲပြုတ်ကိုထည့်ကြော်ပေးပြီး ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာသွင်းပေးပါ။
-
ဟင်းနံ့လေးမွှေးပြီး ကျက်လာရင်တော့ ငရုတ်သီးစိမ်းလေးအုပ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent