
ခံတွင်းမြိန်စရာ ပဲကြာဇံသုပ်
20 မိနစ်
3 ဦးစာ
အလယ်အလတ်
အိမ်မှာနေရင်း ဆီပြန်ဟင်းတွေ စားရတာရိုးလာတဲ့ မိသားစုတွေကိုသုပ်ကျွေးဖို့အတွက် ပဲကြာဇံသုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ပဲကြာဇံက ထမင်းဖြူလေးနဲ့စားရင်လည်း ကောင်းသလို တစ်မျိုးတည်းစားရင်လည်း တင်းတိမ်စေမယ့် အစားအစာလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ ၁ ထုပ် (၂၀၀ ဂရမ်)
- မုန်လာဥနီ ၁ လုံး
- ဂေါ်ဖီ ၁ စိတ်
- ကြက်သွန်နီ ၁ လုံး
- သခွားသီး ၂ လုံး
- ဆလပ်ထုပ် ၁ စိတ်
- မြေပဲလှော် ထမင်းစားဇွန်း ၂ ဇွန်း
- သီဟိုစေ့ ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ငံပြာရည် ထမင်းစားဇွန်း ၁ ဝက်
- ငရုတ်သီးစိမ်း ၅ တောင့်
- သံပုရာရည် လက်ဖက်စားဇွန်း ၃ ဇွန်း
- သံပုရာခွံ လက်ဖက်စားဇွန်း ၁ ဇွန်း
- နံနံပင် ၅ ပင်
- သံလွင်ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငရုတ်သီးခွဲခြမ်း လက်ဖက်စားဇွန်း ၂ ဇွန်း
- ကြက်သွန်နီ ၁ လုံး
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ပဲကြာဇံကို ရေနွေးဖျောထားပြီး ကျန်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ အသီးအရွက်တွေကို နှစ်သက်သလို လှီးဖြတ်ထားပါ။
-
ဆောစ်လုပ်ဖို့အတွက် ငံပြာရည်၊ လှီးထားသော ငရုတ်သီးစိမ်း၊ သံပုရာရည်၊ သံပုရာခွံ၊ နံနံပင်၊ သံလွင်ဆီ၊ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်နီတို့ကို ရောသမမွှေပြီး ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။
-
မြေပဲလှော်လေးတွေကို မညက်တညက်ထောင်းထားပြီး သီဟိုစေ့လေးတွေကိုတော့ ရေဆေးထားပါ။
-
အသုပ်သုပ်တော့မယ်ဆိုရင်တော့ ဇလုံကြီးကြီးတစ်လုံးထဲမှာ အသီးအရွက်နဲ့ ပဲကြာဇံကိုထည့်ပါ။ မညက်တညက်ထောင်းထားတဲ့ မြေပဲ၊ သီဟိုစေ့တွေကိုထည့်ပါ။
-
အရသာနှပ်ထားတဲ့ ဆောစ်ရည်ကိုထည့်ပေးပါ။ အရသာအတွက် ခနောကြက်သားမှုန့်ထည့်ပြီး သမသွားအောင် နယ်ကာ သုပ်ပေးပါ။
-
ပြီးသွားရင်တော့ အရသာရှိပြီး နူတ်မြိန်စေမယ့် ပဲကြာဇံသုပ်လေး ရပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent