
ခရမ်းချဥ်သီးသုပ်
10 မိနစ်
2 ဦးစာ
လွယ်သော
အသားဟင်းတွေချည်းပဲ စားရတာ ငြီးငွေ့တဲ့အခါ အရွက်သုပ်လေးတွေဘက် ခြေဦးလှည့်ရတာပေ့ါ။ ဒီတစ်ခါတော့ ခရမ်းချဥ်သီးကို အိမ်သားအားလုံးအကြိုက် ချိုချိုချဥ်ချဥ်လေးသုပ်စားမယ် စိတ်ကူးတယ်။ ခရမ်းချဥ်သီးသုပ်က ကျန်းမာရေးနဲ့ ညီညွတ်သလို ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်တဲ့ဗျ။ ဘာလို့လဲဆိုတော့ သူ့မှာ ဗီတာမင်စီ၊ ဗီတာမင် အေ၊ သံဓာတ်နဲ့ ဗီတာမင် B6 လို ကိုယ်ခံစွမ်းအားတက်စေနိုင်တဲ့ ဗီတာမင်ဓာတ်တွေပါသလို ဗီတာမင် B3၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်အီးတို့လို ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်နေတာကြောင့်ပါပဲ။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ခရမ်းချဥ်သီး ၃၅၀ ဂရမ်
- ကြက်သွန်နီ အနေတော် ၁ လုံး (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၅ ဂရမ် (ခပ်ကြီးကြီးလှီးထားပါ)
- မြေပဲလှော် ၁၅ ဂရမ် (ထောင်းထားပါ)
- နံနံပင် လက်တစ်ဆုပ်စာ (လှီးထားပါ)
- ပုစွန်ခြောက် ထမင်းစားဇွန်း ၁ ဇွန်း
- မြေပဲဆီ သို့ ဟင်းသီးဟင်းရွက်ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ခရမ်းချဥ်သီးကို ပါးပါးလှီးထားပါ။
-
ခရမ်းချဥ်သီးလှီးထားတဲ့အထဲကို ဆီ၊ ကြက်သွန်နီ၊ မြေပဲ၊ ငရုတ်သီးနဲ့ ပုစွန်ခြောက်တို့ကို ထည့်ပြီး ရောနယ်ပါ။
-
ပြီးမှ ခနောကြက်သားမှုန့်လေး ထည့်ပြီး ဆက်နယ်ပါ။
-
ပြီးရင် နံနံပင်လှီးထားတာလေး ထည့်သုပ်ပြီး ခရမ်းချဥ်သီးသုပ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent