
ခနောဆန်ပြုတ်နဲ့ လိုက်ဖက်လှတဲ့ ကြွပ်ကြွပ်မွမွ ပုစွန်တန်ပူရာ
15 မိနစ်
2 ဦးစာ
လွယ်သော
ဆန်ပြုတ်ကို မြန်မြန်သွက်သွက်လေးလည်း လုပ်စားချင်တယ်၊ အရသာရှိရှိလေးလည်း စားချင်တယ်ဆိုရင်တော့ ခပ်မြန်မြန်လေးလုပ်စားလို့ ရတဲ့ ခနောဆန်ပြုတ်ကို ကြွပ်မွလှတဲ့ ပုစွန်တန်ပူရာလေးနဲ့ ဘယ်လို တွဲဖက်မလဲဆိုတာ ပြောပြပေးပါမယ်။
ပါဝင်ပစ္စည်းများ
- ပုစွန် ၄၀၀ ဂရမ်
- တန်ပူရာမှုန့် ၁၀၀ ဂရမ်
- ကြက်ဥ ၁ လုံး
- ပေါင်မုန့်ကြွပ်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီ ထမင်းစားဇွန်းတစ်ဝက်
- ရေခဲရေ ထမင်းစားဇွန်း ၅ ဇွန်း
- ဆီ ၂၀ ကျပ်သား
- ခနောဆန်ပြုတ် ၁ ထုပ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပုစွန်တွေကို ရေဆေး၊ အမြီးခွံလေးပဲချန်ပြီး အခွံခွာ၊ ကျောချေးကြောင်းထုတ် ဆန့်ထားပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ၊ ခနောကြက်သားမှုန့်၊နှမ်းဆီထည့်နယ်ရင်း ၅ မိနစ်ခန့် နှပ်ထားပါ။
-
တန်ပူရာမှုန့်ထဲ ကြက်ဥနဲ့ ရေအေးထည့်ပြီး အနှစ်ပျစ်နေအောင်မွှေထားပါ။
-
ဆီကို ဒယ်အိုးထဲထည့်ပြီး မီးအလယ်အလတ်နဲ့ အပူပေးထားပါ။
-
ပုစွန်တွေကို အမြီးကကိုင်ပြီး တန်ပူရာအနှစ်ထဲ ထည့်စိမ်၊ ပြီးတာနဲ့ မုန့်ကြွပ်မှုန့်ထဲထည့်ပြီး အမှုန့်များများကပ်အောင် နှစ်ပြီးမှ ဆီပူထဲမြုပ်နေအောင်ကြော်ပါ။
-
ပုစွန်အခွံ ရွှေဝါရောင်လေးသမ်းပြီး အနံ့လှိုင်တက်လာတာနဲ့ ၂ဖက်လှန်ပြီး ဆယ်ပါမယ်။
-
ခနောဆန်ပြုတ်ကို အိုးထဲ ထည့်ပြီး ရေ ၂၅၀ မီလီမီတာ ထည့်ထားပါ။
-
ရေဆူလာတဲ့အခါ မီးနည်းနည်းလျှော့ထည့်ပြီး ၃ မိနစ်လောက်ကနေ ၅ မိနစ်အထိ မွှေပေးပါ။
-
ဒါဆိုရင်တော့ ဆန်ပြုတ် အသင့်ဖြစ်ပြီ ဖြစ်ပြီး ပုစွန်တန်ပူရာ ၂ ကောင် ၃ ကောင်ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent