
ကြာဆံချက်ပူပူလေးတစ်ခွက်
50 မိနစ်
5 ဦးစာ
အလယ်အလတ်
မိသားစုဆုံဆည်းချိန် အိမ်သားတွေအတူစားဖို့အတွက်ပဲဖြစ်ဖြစ်၊ အလှူရှိလို့ပဲဖြစ်ဖြစ်ချက်ဖို့ ရွေးချယ်ဖြစ်ကြတာက မုန့်ဟင်းခါးပြီးရင် ဒုတိယကကြာဆံချက်ပါပဲနော်။ ခေါင်းကိုက်ပြီး ဖျားချင်သလိုလို၊ အအေးမိသလိုလိုနဲ့ မအီမသာခံစားရချိန်ဆိုရင်လည်း ကြာဆံချက်ပူပူလေးက ကူကယ်နိုင်တဲ့ဆေးတစ်ခွက်ဖြစ်ပါသေးတယ်။ အဆာပလာစုံစုံနဲ့ အရသာရှိလှတဲ့ ကြာဆံချက်ပူပူလေးတစ်ခွက်ကို အခုလိုအလွယ်တကူဖန်တီးနိုင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၂၀ ကျပ်သား ရေဆေးသန့်စင်ပြီး တုံးထားပါ။ ခနောကြက်သားမှုန့် ၁ဇွန်း၊ နနွင်း ၁ ဇွန်း၊ ငံပြာရည်ထည့်နယ်ပေးထားပါ)
- ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၅ မြွှာ (ထောင်းထားပါ)
- ချင်း ၁ လက်မ (ညက်အောင်ထောင်းထားပါ)
- ဥစားကြက်သွန် ၁၀ လုံး (အခွံနွှာရေဆေးထားပါ)
- ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၃ ဇွန်း
- ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၃ ဇွန်း
- ရေ ၁၀ ခွက် (၂၅၀၀ မီလီလီတာ) (မိမိနှစ်သက်ရာ ဟင်းရည်အပျစ်အကျဲကိုလိုက်ပြီး ရေကိုချိန်ဆနိုင်ပါတယ်)
- ငုံးဥပြုတ် ၁၀ လုံး (အခွံနွှာထားပါ)
- ပဲကြာဆံ ၂၀ ကျပ်သား (ရေစိမ်ထားပါ)
- မှိုခြောက် ၁၀ ကျပ်သား (ရေစိမ်ထားပါ)
- ပန်းခြောက် ၁၀ ကျပ်သား (ရေစိမ်ထားပါ)
- ပဲလိပ်ခြောက် ၁၀ ကျပ်သား (ရေစိမ်ထားပါ)
ထည့်စားရန်
- နံနံပင် ၁ စည်း (ရေဆေးပြီး ပါးပါးလှီးထားပါ)
- ငရုတ်သီးအကျက်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
- စားပွဲတင်ငံပြာရည် ထမင်းစားဇွန်း ၆ ဇွန်း
- သံပုရာသီး ၂ လုံး (စိတ်ထားပါ)
- ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးကာရေဆေးပြီး ရေစစ်ထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးအနေနဲ့ ကြာဆံချက်ထဲထည့်မယ့် အဆာလေးတွေကို ကြိုတင်ပြင်ဆင်ပေးပါ။ ရေစိမ်ထားတဲ့ကြာဆံကိုဆယ်လိုက်ပါ။
-
မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်တွေ နူးလာရင် ဆယ်ပြီးတစ်ကိုက်စာအရွယ်တွေ လှီးထားပေးပါ။ ပန်းခြောက်ကိုတော့ အလယ်ဝတ်ဆံတွေကိုထုတ်ပစ်ပြီး အထုံးလေးထုံးနိုင်ပါတယ်။
-
မျှင်ထားတဲ့ကြက်သားလေးတွေကို ဆီသတ်ပါမယ်။ အိုးထဲကို ဆီထည့်ကာ ဆီပူလာပြီဆိုရင် ကျန်နေသေးတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအရောင်တင်မှုန့်တွေထည့်ပါ။ ဆီသတ်နံ့မွှေးလာပြီ၊ အရောင်လေးလှလာပြီဆိုရင် ကြက်သားထည့်ကာ ဆီသတ်ပါ။
-
ကြာဆံချက်အရည်အိုးထဲကို ဆီသတ်ထားတဲ့ကြက်သား၊ ကြာဆံ၊ ငရုတ်ကောင်းလေးတွေထည့်မွှေကာ ပွက်ပွက်ဆူအောင် ဆက်တည်ထားလိုက်ပါ။ အခုဆိုရင်တော့ ကြာဆံချက်ပူပူလေးကို ရရှိပြီဖြစ်ပါတယ်။
-
ကြာဆံချက်ပူပူလေးကို နံနံပင်၊ သံပရာသီး၊ ငရုတ်သီး၊ ကြက်သွန်စိမ်းလေးတွေထည့်ပြီး ရှူးရှူးရှဲရှဲနဲ့အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent