
ကြက်ဥဆူးပုပ်ကြော်လေး လုပ်စားကြမယ်
10 မိနစ်
2 ဦးစာ
လွယ်သော
အိမ်မှာ ဟင်းတွေအများကြီးချက်ဖို့ အချိန်မပေးချင်တော့တဲ့အခါ လွယ်လွယ်ကူကုချက်တတ်ကြတာ ကြက်ဥ၊ ဘဲဥစတာတွေပါပဲ။ အရွက်ကလေးပါ ပါမှ ပိုစားမြိန်တယ်လို့ ခံစားရတဲ့အခါ ကြက်ဥနဲ့အရွက် တွဲစပ်ကြော်ထားတာမျိုးလေး စားဖို့ စဉ်းစားမိတိုင်း မြန်မာလူမျိုးတွေ တညီတညွတ်တည်းကြိုက်ကြတဲ့ ကြက်ဥဆူးပုပ်ကြော်လေးကတော့ ထမင်းဝိုင်းရဲ့ မာစတာပေါ့။ ဒါ့ကြောင့် ကြက်ဥဆူးပုပ်ကို ဘယ်လိုအထာနဲ့ အရသာရှိအောင်ကြော်ရလဲ ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆူးပုပ်ရွက် ၂ စည်း
- ကြက်ဥ ၂ လုံး
- ကြက်သွန်ဖြူ ၄ စိတ် (ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်ဥ ၂ လုံးကို ခလောက်ပြီး ခနောကြက်သားမှုန့်နဲ့ ခရုဆီ ထည့်မွှေထားပါ။
-
ဆူးပုပ်ရွက်သင်ထားတာ ထည့်ပြီး နှံ့အောင် ထပ်မွှေပါ။
-
ပြီးတာနဲ့ ဒယ်အိုးထဲ ဆီပူအောင်တည်ပြီး ကြက်သွန်ဖြူထောင်းထားတာကို ဆီသတ်ပါ။
-
ဆီပူထဲ ခလောက်ထားတဲ့ ဆူးပုပ်ကြက်ဥအနှစ်တွေ ဖြန့်ချကြော်ပါ။
-
ကျက်ရင် တစ်ဖက်လှန်ပြီး နှစ်ဖက်ညီညီကျက်တော့မှ မီးဖိုပေါ်က ချပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent