
ကြက်ဟင်းခါးသီးကို အရသာပေါ်လွင်အောင် ချက်စားကြမယ်
30 မိနစ်
3 ဦးစာ
လွယ်သော
ကြက်ဟင်းခါးသီးလေးကို အလွယ်ဆုံးနည်းနဲ့ အရသာရှိအောင် ချက်စားချင်သူတွေအတွက် ခနောကြက်သားမှုန့်နဲ့ ကြက်ဟင်းခါးသီးချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ကြက်ဟင်းခါးသီးလေးကို နံနံပင်နံ့လေးမွှေအောင် ချက်မှာမို့ အရသာရှိတဲ့ ထမင်းဝိုင်းလေးအတွက် အထူးသင့်တော်သော အရံဟင်းလေးဖြစ်စေမှာပါနော်
ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး ၂ လုံး
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
- ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- နံနံပင် ၃ ပင်
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၃ မွှာ
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငရုတ်သီးအစိမ်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငါးပိစိမ်းစား လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကြက်ဟင်းခါးသီးတွေကို အစေ့ထုတ်ပြီး နှစ်သက်သလို လှီးဖြတ်ထားပါ။
-
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ထောင်းထားပြီး နံနံပင်လေးတွေကိုတော့ နှစ်သက်သလို လှီးထားပါ။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာရင်တော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလေးတွေကို ဆီသတ်ပါ။
-
ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ အရောင်တင်မှုန့်၊ ငံပြာရည်၊ နနွင်းမှုန့်၊ ငါးပိစိမ်းစားထည့်ပြီး မွှေကာ ရေအနည်းငယ်ထည့်ချက်ပေးပါ။
-
ကြက်ဟင်းခါးသီးလေးတွေကိုထည့်ပါ၊ အရသာအတွက် ခနောကြက်သားမှုန့်၊ ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီးချက်ပါ။
-
ကြက်ဟင်းခါးသီးလေးတွေနူးဖို့အတွက် အဖုံးအုပ်ပြီး တည်ပေးပါ။
-
မိနစ်အနည်းငယ်ကြာပြီး ကြက်ဟင်းခါးသီးလေးတွေလည်း နူးလာပြီဆိုရင်တော့ နံနံပင်လေးအုပ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent