
ကြက်သားနဲ့ အာလူးလေးကို ငပိလေးနဲ့ရောချက်မယ်
45 မိနစ်
3 ဦးစာ
အလယ်အလတ်
ရိုးရိုးလေးနဲ့ ထိမိသွားစေမယ့် အာလူးစိတ်နဲ့ ကြက်သား ငပိချက်ဟင်းချက်နည်းလေး ပြောပြမယ်နော်။ ကြက်သားနဲ့ အာလူးကိုတော့ လူတိုင်းကြိုက်ကြတဲ့အတွက် ထမင်းမြိန်စေမယ့် ဟင်းကောင်းလေးတစ်ခွက် ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၃၀ ကျပ်သား (အနေတော် အတုံးလေးတွေလှီးထားပါ)
- အာလူး ၃ လုံး (အခွံခွာပြီး ဒေါင်လိုက် လေးခြမ်းထားပြီး မကျက်တစ်ကျက်ပြုတ်ထားပါ)
- ခနော်ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- နံနံပင် ၅ ပင်
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ပုဇွန်ငပိ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူ ၂ မွှာ
- ကြက်သွန်နီ ၃ လုံး
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ငံပြာရည် ထမင်းစားဇွန်း ၁ ဝက်
- ဂျင်း လက် ၁ ဆစ်
- မန်ကျည်းသီးနှစ် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဖန်ဇလုံးကြီး တစ်ခုထဲတွင် ခနောကြက်သားမှုန့် ၁ ဇွန်း၊ နနွင်းမှုန့် တစ်ဝက်ဇွန်း နဲ့ ကြက်သားတုံးများ ကို နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။
-
အိုးကြီးတစ်ခုထဲကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပြီ ဆိုရင်တော့ ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန် နွမ်းလာရင် ကြက်သားတုံးများ ထည့်ပြီး ၃မိနစ်မှ ၅မိနစ်ခန့် ကြော်ပါ။ ကြက်သားတုံး အသားတင်းလာရင်တော့ ကြက်သားတုံးကို ရေမြူပ်အောင်ထည့်ပါ။ ထို့နောက် အရည်ဆူတဲ့ အထိတည်ပါ။ ပြီးရင် အာလူးများကို ထည့်ပါ
-
မီးအနေတော်နဲ့ ဟင်းအိုးကိုတည်ပြီး အရည်ပျစ်လာပြီ ဆိုရင်တော့ ရေထပ်ရောပေးပါ။
-
ကြက်သား နူးတဲ့အထိ တည်ပါ။ ဆားမြည်းပါ။ ထို့နောက် ကျန်တဲ့ ပါဝင်ပစ္စည်းများထည့်ပါ။ လိုအပ်ရင် ခနောကြက်သားမှုန့် ထပ်ထည့်နိုင်ပါတယ်။
-
ကြက်သားနူးလာပြီ ဆိုရင်တော့ အရသာရှိတဲ့ အာလူးစိတ်နဲ့ ကြက်သားငါးပိချက်ကို ထမင်းပူပူလေးနဲ့ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent