
ကြက်ရိုးပဲကုလားဟင်း
10 မိနစ်
4 ဦးစာ
အလယ်အလတ်
Stay home ကာလမှာ အိမ်မှာနေပြီး ရောဂါကို ကာကွယ်ကြသလို ခန္ဓာကိုယ်အတွက်လည်း အာဟာရပြည့်အစားအသောက်တွေ စားသုံးဖြည့်တင်းပေးဖို့ လိုပါတယ်။ ဒါကြောင့် အိမ်မှာနေရင်း အားရှိဖို့ နဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်စေမယ့် အာဟာရပြည့် ကြက်ရိုးပဲကုလားဟင်းအရည်သောက်လေးတစ်ခွက်ချက်နည်းလေး ဖော်ပြပေးလိုက်ပါရစေ။ ကြက်ရိုးပဲကုလားဟင်းမှာ ဗီတာမင်အေ၊ ဗီတာမင် B6၊ ဗီတာမင်စီ၊ ဗီတာမင် B12၊ သံဓာတ်၊ ဇင့်စတာတွေနဲ့ ပိုတက်ဆီယမ်၊ ဗီတာမင် B2၊ B1၊ B3၊ မဂ္ဂနီဆီယမ်၊ အမျှင်နဲ့ ပရိုတိန်းဓာတ်တွေလည်းပါဝင်လို့ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ကုလားပဲ ခွက် တစ်ဝက် (ခနောကြက်သားမှုန့်၊ ချင်းတို့နဲ့ ပြုတ်ထားပါ) (၁ ခွက် = ၁၅၀ ဂရမ်)
- ကြက်ပြုတ်ရည် ၃ ခွက်
- ကြက်တောင်ပံနဲ့ ကြက်ခြေထောက် ၄၈၀ ဂရမ်
- မုန်လာဥနီ ၁ ချောင်း (အနေတော်လှီးထားပါ)
- တရုတ်နံနံပင် ၁ ပင် (အနေတော်လှီးထားပါ)
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ တစ်ဝက်
- မန်ကျည်းသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းအနှစ်အတွက်
- ကြက်သွန်ဖြူ ၃ စိတ် (ညက်အောင် ထောင်းထားပါ)
- ကြက်သွန်နီ ၂ လုံး ညက်အောင် ထောင်းထားပါ)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ချင်း ၁ လက်မ (ညက်အောင် ထောင်းထားပါ)
- ငရုတ်သီး ၈ တောင့် (အညှာခြွေထားပါ)
- ကရဝေးရွက် ၂ ရွက်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကုလားပဲကို ခနောကြက်သားမှုန့်၊ နနွင်းမှုန့်၊ ချင်းတို့နဲ့ ပြုတ်ထားပါ။
-
ဒယ်အိုးထဲကို ဆီထည့်ပြီး ငံပြာရည်နဲ့ ငရုတ်သီးမှ လွဲပြီး ကျန်တဲ့ဟင်းအနှစ်အတွက် သတ်မှတ်ထားတဲ့ အဆာပလာများကို ထည့်ပြီး ရွှေညိုရောင်သမ်းလာတဲ့အထိ ချက်ပေးပါ။
-
ငံပြာရည်နဲ့ ငရုတ်သီးထည့်ပြီး အနံ့မွှေးလာတဲ့အထိ ချက်ပြီးရင် သုံးဆောင်နိုင်ပါပြီ။
-
အရသာပိုပြီးကောင်းမွန်စေဖို့ ပူပူနွေးနွေးအချိန်မှာ သုံးဆောင်ပါ။
-
ဆန်လုံးညို ဒါမှမဟုတ် ဂျုံနဲ့ အစေ့အဆံကစီဓာတ်ပါဝင်တဲ့ အစားအစာများနဲ့ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent