
ကြက်ပင်စိမ်းမွှေးမွှေးလေးချက်ကြမယ်
15 မိနစ်
2 ဦးစာ
လွယ်သော
ထိုင်းစာတွေထဲမှာ ပင်စိမ်းဟင်း ဆိုတာ မြန်မာလူမျိုးတွေကအစကြိုက်ရတဲ့ အစားအစာတစ်မျိုးပါ။ အဲ့ဒီကနေ မြန်မာအိမ်ရှင်မတွေရဲ့ နေ့စဉ်ဟင်းတစ်မယ်လိုပါ ဖြစ်လာတဲ့ ကြက်ပင်စိမ်း မွှေးမွှေးစပ်စပ်လေးကို ချက်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံ ၁၅ ကျပ်သား
- ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ တစ်မြွှာနဲ့ တစ်ဝက် (ထောင်းထားပါ)
- ချင်း လက်တစ်ဆစ် (ထောင်းထားပါ)
- ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း တစ်ဝက်
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်နီတောင့် ၄ တောင့် (အရှည်လိုက်ခွဲထားပါ)
- ငရုတ်နီအခြောက်တောင့် ၄ တောင့်
- ပဲသီး ၃ ချောင်း (လှီးထားပါ)
- Baby corn ၇ ခု
- ဆီ ထမင်းစားဇွန်း ၄ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပင်စိမ်း ၈ ရွက်
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ ထမင်းစားဇွန်း ၅ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးကြက်သားကို ခနောကြက်သားမှုန့်ထည့်ပြီး ကြေညက်နေတဲ့ထိ ကြိတ်ပါ။
-
မီးဖိုပေါ် ဆီထည့်ပြီး မီးအေးအေးနဲ့ ကြက်သွန်ဖြူ၊နီနဲ့ ချင်း ထောင်းထားပြီးသားကို ထည့်ဆီသတ်ပါ။
-
တစ်မိနစ်ကြာရင် ကြက်သားကြိတ်ထားတာပါထည့်မွှေပါ။
-
၃ မိနစ်အကြာ ကြက်သားဖတ်လေးတွေ ကွဲထွက်တဲ့ထိ အရောင်ပြောင်းလာရင်တော့ ပဲငံပြာရည်အကြည်၊ အနောက်၊ ခရုဆီနဲ့ ငံပြာရည် ၊ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပါ။
-
နောက်ဆုံးမှ Baby corn ၊ ပဲသီးနဲ့ ငရုတ်နီတွေ လှီးပြီးသားအကုန်လုံးကို ထည့်၊ ရေထမင်းစားဇွန်း ၅ ဇွန်းခန့်နဲ့ ထည့်မွှေပြီး ပင်စိမ်းအုပ်ပါမယ်။
-
အဲ့ဒီလို ရေခမ်းတဲ့ထိ ၂မိနစ်ခန့် တည်ပြီးတာနဲ့ စပ်စပ်လေးနဲ့ အရသာရှိတဲ့ ကြက်ပင်စိမ်းမွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ ချွေးထွက်အောင် စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent