
ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ဖရုံပွင့်ညွှန့်စုံကြော်
30 မိနစ်
3 ဦးစာ
လွယ်သော
အိမ်ရှင်မတို့ သိပ်ချက်စားလေ့မရှိကြတဲ့ ဖရုံပွင့်မျိုးစုံကို အရသာရှိအောင် ဘယ်လိုကြော်စားရမလဲ ပြောပြပေးပါရစေနော်။ ဟင်းပွဲနာမည်လေးကိုတော့ ဖရုံပွင့်ညွှန့်စုံကြော်လို့ပေးထားပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ကြည့်ရှုပေးပါဦးနော်
ပါဝင်ပစ္စည်းများ
- ဖရုံပွင့် ၁ စည်း
- ဖရုံသခွားပွင့် ၁ စည်း
- ဖရုံညွှန့် ၁ စည်း
- ဖရုံသခွားညွှန့် ၁ စည်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီကြော် ထမင်းစားဇွန်း ၂ ဇွန်း
- ပဲဆီ ထမင်းစားဇွန်း ၂ ဇွန်းခွဲ
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဝက်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ဖရုံပွင့်လေးတွေကို အစေ့အဆန်ထုတ်ထားပြီး ဖရုံညွှန့်လေးတွေကိုတော့ နှစ်သက်သလိုလှီးက သင်ထားပါ။
-
ကြက်သွန်ဖြူလေးတွေကို ဓါးပြားရိုက်ထားပြီး ဒယ်အိုးထဲမှာဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ ရွေရောင်သန်းလာသည်အထိ ကြော်ထားပေးပါ။
-
ကြက်သွန်ဖြူလေးတွေ ရွှေရောင်သန်းလာရင်တော့ ပုဇွန်ခြောက်မှုန့်နဲ့ ငံပြာရည်ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပါ။
-
ပြီးရင်တော့ ပွင့်ညွှန့်များကို စကြော်ပါမယ်။ အရင်ဦးဆုံး အညွှန့်တွေကို အရင်ထည့်ကြော်ပြီး ခပ်ဖွဖွလေးမွှေပေးပါ။
-
အညွန့်လေးတွေ နွမ်းလာရင်တော့ အပွင့်တွေကိုထည့်ပါ။ ခပ်ဖွဖွလေးထပ်မွှေပြီး (၂)မိနစ်ခန့်ကြာရင်တော့ ကျန်ပါဝင်ပစ္စည်းတွေထည့်လိုက်ပါနော်။
-
ခြောက်ကပ်နေရင် ရေအနည်းငယ်ထည့်ကြော်နိုင်ပြီး အရသာအပေါ့အငန်လိုရင် ခနောကြက်သားမှုန့် ထပ်ထည့်နိုင်ပါတယ်။
-
ပြီးရင်တော့ ပွင့်ညွှန့်ကြော် ပူပူနွေးနွေးလေးကို ထမင်းဖြူလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent