
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပန်းဂေါ်ဖီ ပုဇွန်ခြောက်ကြော်
20 မိနစ်
2 ဦးစာ
လွယ်သော
တစ်နေ့တစ်နေ့ အရံဟင်းအတွက် စဉ်းစားရခက်နေပြီဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အရသာလည်းရှိတဲ့ ပန်းဂေါ်ဖီ ပုဇွန်ခြောက်ကြော်လေးကို စမ်းကြော်ကြည့်ဖို့ အကြံပေးပါရစေနော်။
ပါဝင်ပစ္စည်းများ
- ပန်းဂေါ်ဖီ ၁၅ ကျပ်သား
- ပုဇွန်ခြောက် ၅ ကျပ်သား
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၅ တတ်
- ချင်း အနည်းငယ်
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ပဲဆီသန့် ထမင်းစားဇွန်း ၃ ဇွန်း
- ငရုတ်သီးစိမ်း ၅ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ပုဇွန်ခြောက်လေးတွေကို မွသွားအောင် ရေစိမ်ပေးထားပါ၊ ပန်းဂေါ်ဖီစိမ်းလေးတွေကိုတော့ သန့်စင်အောင်ဆေးပြီး (၂)မိနစ်ခန့် ပြုတ်ထားပါ။
-
ကြက်သွန်ဖြူနဲ့ ချင်းကိုထောင်းထားပြီး ကြက်သွန်နီကို ပါးပါးလှီးထားပါ။
-
ဒယ်အိုးထဲမှာ ပဲဆီသန့်ထည့်ပြီး ဆီပူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်တို့ကို နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပေးပါ။
-
ပုဇွန်ခြောက်လေးတွေ ကျက်လာပြီဆိုရင်တော့ ပန်းဂေါ်ဖီလေးတွေထည့်ပြီး အရသာအတွက် ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပေးပါနော်။
-
ပန်းဂေါ်ဖီလေးတွေနူးပြီး အနံ့လေးလည်း မွှေးလာပြီဆိုရင်တော့ ငရုတ်သီးစိမ်းလေးအုပ်ပြီး အရသာရှိစွာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent