ကိုယ်ခံအားကောင်းစေတဲ့ ငါးရံ့ ကန်စွန်းရိုးနီ ချဉ်ရည်ဟင်းချက်နည်း

ကိုယ်ခံအားကောင်းစေတဲ့ ငါးရံ့ ကန်စွန်းရိုးနီ ချဉ်ရည်ဟင်းချက်နည်း

35 မိနစ်

4 ဦးစာ

အလယ်အလတ်

How to Cook ပရိသတ်ကြီးရေ။ မိသားစုအတွက် အာဟာရပြည့်၀ပြီး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ကို မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C နဲ့ သံဓာတ်ပါ၀င်တဲ့ ငါးရံ့ကန်စွန်းရိုးနီချဥ်ရည်ဟင်းပါပဲ။ ချဥ်ရည်ဟင်းအရသာလေးက အအီပြေပြီး ထမင်းစားမြိန်စေပါတယ်။ အရသာလည်းရှိ ကိုယ်ခံအားလည်းကောင်းစေတဲ့ ငါးရံ့ကန်စွန်းရိုးနီချက်ရည်ဟင်းလေးကို အချိုးအစားညီမျှတဲ့ အချဥ်အရသာကို တစ်ဇွန်းတည်းနဲ့ ပေးစွမ်းနိုင်တဲ့ ခနောချဥ်ပြုံးပြုံး မန်ကျည်းဟင်းခတ်မှုန့်လေးနဲ့ အခုပဲ ချက်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငါးရံ့ အကောင်သေး ၁ ကောင် ၊​ သန့်စင်ပြီး တုံးထားပါ
  • ကန်စွန်းရိုးနီ အပင် ၂၀ ခန့် အနေတော်ဖြတ်ထားပါ
  • ငရုတ်သီးအမှည့် ၆ တောင့်
  • နနွင်းမှုန့် အနည်းငယ်
  • ကြက်သွန်နီ ၁ ဥ
  • ကြက်သွန်ဖြူ ၂ တက်
  • အရောင်တင်မှုန့် အနည်းငယ်
  • မျှင်ငါးပိ လက်ဖက်စားဇွန်း တဝက်
  • ဆား လက်ဖက်စားဇွန်း ၄ ပုံ ၁ ပုံ
  • ဟင်းခတ်မှုန့် အနည်းငယ်
  • ဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • ချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ရေ ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ငါးတုံးများကို ဆား နနွင်းတို့ဖြင့်နယ်ပြီး နှပ်ထားပါ။

  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ ကို ညက်အောင်ထောင်း၊အရောင်တင်မှုန့် နှင့် ငါးပိစိမ်းစား ရောထည့်၊ဆီထည့်ပြီး ငါးတုံးများနှင့် လုံးပြီးတည်ထားပါ၊ အိုးကိုမမွှေဘဲ အိုးမကပ်အောင်လှပ်ပေးပါ။

  3. ကန်စွန်းရိုးနီများ ထည့်ပေးပြီး ဖွဖွမွှေပါ။ အရိုးများနွမ်းလျှင် ရေထည့်ပြီး ဆူအောင် တည်ပါ။

  4. ရေဆူလျှင် ဟင်းခပ်မှုန့်၊ ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် တို့ခပ်ပေးပြီး စိတ်ကြိုက်အရသာရလျှင် ငရုတ်သီးများထည့်မွှေပေးပြီး အဆုံးသတ်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent