
ကလေးလူကြီး အကြိုက်တွေ့သွားစေမယ့် ပြောင်းဖူးနဲ့ကြက်သားဟင်းရည်
40 မိနစ်
3 ဦးစာ
လွယ်သော
အရည်သောက်လေးကိုမှ ဆန်းဆန်းလေး ဖြစ်သွားအောင် ပြောင်းဖူးနဲ့ ကြက်သားဟင်းရည် ချက်နည်းလေး ပြောပြပေးသွားပါမယ်။ အာဟာရလဲ ပြည့်စုံပြီး အရသာရှိတဲ့ဟင်းလေးဖြစ်လို့ အိမ်ရှင်မတိုင်းစမ်းချက်ကြည့်သင့်တဲ့ ဟင်းလေးဖြစ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား ၃၀ ကျပ်သား
- ခရမ်းချဉ်သီး ၂ လုံး
- ခရမ်းသီး ၁ လုံး
- ထောပတ်ခရမ်း ၁ လုံး
- နံနံပင် ၅ ပင်
- ပဲတောင့်ရှည် ၅ တောင့်
- ဂေါ်ရခါးသီး ၁ ခြမ်း
- မုန်လာဥဖြူ ၁ ဥ
- မုန်လာဥနီ ၁ ဥ
- ရုံပတီသီး ၅ တောင့်
- ဖရုံသခွား ၁ လုံး
- သရက်သီးခြောက် ၅ ကျပ်သား
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၃ လုံး
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- ငံပြာရည် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ချင်း လက် ၁ ဆစ်
- ငရုတ်သီးစိမ်း ၈ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်ပေါင်တုံးလေးများကို ခနော်ကြက်သားမှုန့် ၁ ဇွန်း ၊နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ နယ်နှပ်ထားပါ။
-
ဟင်းအနှစ်လုပ်ရန် ဒယ်အိုးကို ဆီနဲ့အပူပေးပါ။ ဆီပူလာရင်တော့ ငံပြာရည် နဲ့ ငရုတ်သီးစိမ်းကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးကို ဆီသတ်ပါ။ ရွှေရောင်သမ်းလာရင်တော့ ငံပြာရည် နဲ့ ငရုတ်သီးစိမ်းထည့်ပြီး နှံအောင်မွှေပါ။
-
ဆီသတ်ထားသောအိုးထဲ ကြက်သားတုံးလေးများ ထည့်ပြီးမွှေပါ။
-
ကြက်သားတုံးရေမြုပ်အောင်ထည့်၍ အဖုံးအုပ်တည်ပါ။ ရေဆူလာလျှင် မာသော အသီးအနှံ့ မုန်လာဥဖြူနီ၊ ဂေါ်ရခါးသီး များကို အရင်ထည့်ပါ။
-
၂မိနစ် ၃မိနစ်လောက်တည်ပြီးရင် ဖရုံ၊သခွား၊ ထောပတ်ခရမ်း၊ ခရမ်းသီး ထည့်ပြီး နောက်ထပ် ၂-၃မိနစ်လောက်တည်ပြီး ကျန်အသီးအရွက်များ ထပ်ထည့်ပါ။နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပါ။
-
၁၅မိနစ်-မိနစ်၂၀လောက် ကြာအောင်တည်ပြီးရင် ဟင်းရည်ကို သေချာမွှေပေးပါ။ ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပါ။
-
ရေခန်းပြီး ပျစ်လာပြီဆိုရင် ရေထပ်ထည့်ပေးပါ။ ရေဆူအောင်တည်ပါ။ ရေဆူပြီး အသားနူးလာရင်တော့ ဆားမြည်း ပြီး လိုအပ်ရင် ခနောကြက်သားမှုန့် ထပ်ဖြည့်နိုင်ပါတယ်။
-
အားလုံးပြီးသွားရင်တော့ မီးပိတ်ပြီး နံနံပင်အုပ်ပါ အရည်အနေတော်နဲ့ချပြီး အရသာရှိတဲ့ ပြောင်းဖူးနဲ့ကြက်သားဟင်းရည်လေးကို အသင့်စားသုံးလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent