
ကယားစတိုင် ကြက်အသဲအမြစ်နဲ့ အသီးအရွက်ကြော်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
အချက်တလိုင်းတို့ရေ ဒီတစ်ခါမှာတော့ မိသားစုတွေ လျှာလည်သွားစေမယ့် ကယားစတိုင် ကြက်အသဲအမြစ်နဲ့ အသီးအရွက်ကြော်နည်းလေးကို ပြောပြပါမယ်။ ကြက်အသဲအမြစ် ထုတ်ထုတ်လေးကို အသီးအရွက်အစုံနဲ့ ကြော်ထားတာမို့ ဟင်းတစ်မျိုးထဲနဲ့ ထမင်းဝိုင်းပြီးပြည့်စုံစေမှာပါနော်။
ပါဝင်ပစ္စည်းများ
- ကြက်အသဲအမြစ် ၃၀ ကျပ်သား
- ဂေါ်ဖီ ၁ စိတ်
- မုန်လာဥနီ ၁ ဥ
- ပဲသီးရှည် ၁ စည်း
- တရုတ်နံနံပင် ၃ ပင်
- မှို ၁၀ ကျပ်သား
- မက်ခါသီး လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၅ ဇွန်း
- ကြက်သွန်ဖြူ ၃ မွှာ
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကြက်အသဲအမြစ်လေးတွေကို နှစ်သက်သလိုလှီးဖြတ်ကာ ခနောကြက်သားမှုန့် (လက်ဖက်စားဇွန်း ၃ ဇွန်း)နဲ့နယ်ပြီး ပြုတ်ထားပေးပါ။
-
မုန်လာဥနီ၊ ပဲသီးရှည်လေးတွေကို အနေတော်လှီးထားပြီး တရုတ်နံနံပင်ကို ခပ်ကြီးကြီးလှီးဖြတ်ထားပါ။
-
မှိုနဲ့ ဂေါ်ဖီလေးကိုလည်း အမြှောင်းလေးတွေ လှီးဖြတ်ထားပေးပါ။ ကြက်သွန်ဖြူလေးတွေကိုတော့ ဓါးပြားရိုက်ထားပါ။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ မုန်လာဥနီနဲ့ ကြက်အသည်းအမြစ်လေးတွေထည့်ပြီး (၅)မိနစ်ခန့် ကြော်ပေးပါ။
-
ပြီးရင်တော့ ကျန်အသီးအရွက်များကိုထည့်လိုက်ပါ။ နှံ့သွားအောင် ခပ်ဖွဖွမွှေပြီး အနည်းငယ်နွမ်းလာရင်တော့ ကျန်ပါဝင်ပစ္စည်းများထည့်ပြီးကြော်ပေးပါ။
-
အသီးအရွက်များကို နူးအိလာတဲ့အနေအထားမရောက်ခင် အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောအရသာမှုန့်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။
-
ကြော်ပြီးပြီးချင်း ပူပူနွေးနွေးလေးစားရင် ပိုအရသာရှိပါတယ် အချက်တလိုင်းတို့ရေ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent